Ep-9 🥕🦊

578 36 6
                                    

Unicode

မကြာမီ ဆောင်းတွင်းရောက်တော့မှာ ဖြစ်ပြီး..ဆောင်းဝင်ချိန် အစာရေဆာ မပြတ်လပ်ရေးအတွက် စုဆောင်းရေး လုပ်ရမည်ဖြစ်သည်

အိုမင်းမစွမ်း ဖြစ်နေတဲ့ ဝံပုလွေတွေနဲ့ ကိုယ်ဝန်ဆောင်.....အကောင်ပေါက်လေးတွေက လွဲရင် အခြားသော အင်အားကြီး မျိုးနွယ်စုတွေအကုန် အစာရှာချိန်ရောက်ပြီ ဖြစ်သည်

များပြားလှသော ဝံပုလွေနဲ့ သားရဲအချို့က...ဝိုင်းဖွဲ့နေပြီး ခရီးရှည်ထွက်ရန် စီစဥ်နေကြသည်

ထို့နောက် မနက်ဖြန်ထွက်ရန် သူတို့အားလုံး ဆုံးဖြတ်လိုက်ကြသည်

ဂူအဆောင်သို့ ပြန်ရောက်သောအခါ liliက မျက်နှာမကောင်းပေ

အရင်လို မျိုးနွယ်စုတွေက ယုန်ဖြူလေးကို အနိုင်မကျင့်ကြပေမယ့် စိတ်မချသလို...ညားခါစ ဇနီးလေးကိုလည်း မခွဲချင်ပေ😔

တစ်ရက် တစ်နာရီ တစ်စက္ကန့်လေးတောင် jenနဲ့ မခွဲချင်ပါ

jen..... မမ.. ဖေဖေက ဆူလိုက်လို့လားဟင်

Li.... ဟုတ်ပါဘူး

ယုန်ဖြူလေးကတော့ သူ၏ မုန်လာဥလေးတွေကို ကျင်းထဲ အကုန်ထည့်ကာ သိုလှောင်နေသည်

အရင်လို အစာရှာမထွက်ရအောင် liliက jenအတွက် မုန်လာဥ ခင်း တစ်ခင်း စိုက်ပေးထားလေသည်

ထိုစိုက်ခင်းကို ပြုစုရန်..သိမ်းငှက်ကြီးကို တာဝန်ပေးထားပြီး အဖိုးအခအနေနဲ့ သားကောင်တစ်ကောင် ပေးလေသည်

Li...."မမနဲ့ အတူ..ဖေဖေရော အမကြီးတွေပါ ခရီးသွားရလိမ့်မယ်"

Li...." လိလိမ္မာမ္မာ နေခဲ့နော်"

ယုန်ဖြူလေးက ဝမ်းနည်းသွားပြီး နားရွက်ထောင်ထောင်လေးက ညှိးကျသွားလေသည်😞

liliက ပြုးပြပြီး အနည်းငယ်ထောင်နေသေးသည့် နားရွက်တစ်ဖက်ကို သွားဖြင့်ဖိကြိတ်လိုက်လေသည်

Li..."အရူးမလေး....မင်းက အခုလို ဝမ်းနည်းပြတော့ ဒီယောက်ကျားက ဘယ်သွားချင်တော့မှာလဲကွာ"

jenက liliရဲ့ ကျီစယ်မှု့ကြောင့် နားရွက်လေးမှာ ပြန်ထောင်လာပြီး နှုတ်သီးလေးတွေမှာ နီမြန်းသွားလေသည်

The fox girl is my lover🥕🦊(Completed)Where stories live. Discover now