Part 3🥕🦊

446 42 7
                                    

မြင်ကွင်းကအနည်းငယ်မရှင်းမရှင်းပင်။ကြီးမားတဲ့ဝံပုလွေများကြားထဲ ယုန်ငယ်လေးjenက ကန့်လန့်ပါလာတဲ့မြင်ကွင်းက အခြားမျိုးနွယ်စုများအတွက် အံအားသင့်စေသည်။

"jen"က မိတ်လိုက်သည် ဟူသောစကားကိုနားမလည်။ထို့ကြောင့် လျင်မြန်စွာ liliနားကို ကပ်ကာ သူကတဖွဖွမေးလိုက်သည်။

"မမ"မိတ်လိုက်တယ်ဆိုတာ ဘာလဲဟင်....ကောင်းတဲ့ကိစ္စလား.ကြောက်ဖို့ကောင်းလားဟင်😢

အခြားဝံပုလွေများကတော့ပြုံးစိစိနဲ့ မကြားချင်ယောင်ဆောင်ကာ လာရာလမ်းအတိုင်းအရှိန်မှန်မှန်ဖြင့် သွားလေသည်။

"LiLi" ကြောက်ဖို့မကောင်းဘူး.. ကောင်းတယ်🙂

liliရဲ့ စကားကို အခြားသော ဝံပုလွေများက မျက်ဖြူလန်ကာနှာမှုတ်ထုတ်လိုက်၏

jenကတော့ ပျော်ရွှင်သွားပီး liliနားက မခွာတော့ဘဲ အရမ်းကောင်းတဲ့ ကိစ္စဆိုတော့ ဝံပုလွေမမနဲ့ တူတူလုပ်မယ်ဟု တွေးနေလေသည်။( jenက innocentပေါ့နော် ^-^)

မိုးသည်းထန်စွာရွာသွန်းသောကြောင့် ကုန်းမြင့်လမ်းကရေလွှမ်းကာ ကမ်းကူးရန်ခက်ခဲလေသည်။

ကိုယ်ထည်ကြီးမားတဲ့ ဝံပုလွေကတော့ ကိစ္စမရှိပေမယ့် jenအတွက်ကတော့ ထိုရေစီးကလွန်စွာကြောက်ဖို့ကောင်းတာကြောင့် ထိုကမ်းကိုမကူးရဲဘဲ ရပ်နေလေ၏

တစ်ဖက်ကမ်းမှာရပ်နေတဲ့ jenကို မြင်ပီး liliက သူနဲ့မလိုက်ချင်ဘူးဟုထင်ကာ စိတ်ဆိုးပီး မာန်ဖီလိုက်မိသည်။

အနီးနားရောက်တော့မှ jenရဲ့ မျက်ဝန်းလေးမှာ အရည်လဲ့နေတာ မြင်တော့မှ lili နှလုံးသားလေးက ပျော့ပျောင်းသွားလေသည်။

"မင်း..ကြောက်လို့လား"

"ဟုတ်😢"

liliက မဆိုင်းမတွ မြေပြင်ပေါ့သို့ ဝပ်တွားပေးလိုက်ပြီး သူ့ကျောပေါ် ယုန်ဖြူလေးကို တက်စေသည်။ ယုန်ဖြူလေး၏ လက်သည်းတွေက ပျော့ပျောင်းတာကြောင့် သူ့ကျောပြင်ပေါ်ကုတ်တက်တဲ့အခါ liliက နေရခတ်လေသည်။

"သေချာကိုင်ထားနော်"

ကမ်းတစ်ဖက်ရောက်နေပီဖြစ်တဲ့ ဝံပုလွေမိသားစုက အငယ်ဆုံးကောင်မလေးကိုကြည့်ပြီး ဒေါသထွက်လွန်းလို့ အငွေ့ပျံတော့မလို။

တစ်ကောင်တည်းသော အဖိုးတန် နှင်းဝံပုလွေလေးမို့ ငါတို့က အထွဋ်အမြတ်ထားလိုက်ရတာ!

ဒင်းက သူ့အစာကိုစီးတော်မြင်းလုပ်နေတယ်တဲ့။

ရေထဲဆင်းလိုက်တာနဲ့ ကျောပေါ်က ယုန်လေးက တုန်နေတာကြောင့် liliမှာ ကမ်းကူးတာကို အလျင်မလိုပေ။အရမ်းကြောက်ပီး jenလေး
ရေထဲပြုတ်ကျသွားမှ သူ့ရင်တွေကွဲကုန်လိမ့်မယ်

"Li Dad"....သွားကြားမညှပ်လောက်တဲ့ အကောင်လေးကိုများ ရိုကျိုးနေလိုက်တာ!

အမှားများပါရင်ခွင့်လွတ်ပေးပါနော်❤ဒီ့ရဲ့ ficလေးကို အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်😘 I Love U All🙆

The fox girl is my lover🥕🦊(Completed)Where stories live. Discover now