Ep_6 🥕🦊

478 38 6
                                    


Unicode

Liliက နောက်ပိုင်း အစာရှာတဲ့အချိန်တွေကို jenနဲ့ ကုန်ဆုံးလေ့ရှိသည်

Liliက အေးစက်စက်နေတက်ပေမယ့် jenက "မမ" လို့ ခေါ်လိုက်တာနဲ့ သဘောတွေကျကာ ခိုင်းသမျှလုပ်ဆောင်ပေးလေ့ရှိသည်

liliမှာ မျိုးနွယ်စုအတွက် သားကောင်ရှာပေးရမယ့် တာဝန်က ရှိသေးတာမို့ liliက သူမရှိချိန် jen ကြောက်နေမှာ ဆိုးသည်မို့ အလျင်အမြန် သားကောင်ကို ခုန်အုပ်ကာ မျိုးနွယ်စုဆီပြန်လာပြီး ဝေစုခွဲဝေပြီးတာနဲ့ jenထံသို့အလျင်အမြန် ပြေးသွားလေသည်

"မမ"

မမ မုန်လာဥ တူးရင် jen လိုက်ခဲ့မယ်နော်

liliက လက်မခံချင်ပေ။

ဇနီးသည်လေးအတွက် အစာရှာပေးရမှာ တာဝန်ဖြစ်ပြီး jenရဲ့ လက်ဖဝါးလေးတွေက နုလွန်းလို့ မြေကြီးတူးဆွရင်း ဒဏ်ရာရသွားရင် ဘယ်လိုလုပ်ရပါ့ (liliကတော့ ပိုပီ🙂)

မမ ပေးတဲ့ မုန်လာဥ ကကောင်းပါတယ်...ဒါပေမယ့်လေ.......🥺🥺 ကျိုးကြေနေတာပဲ

lili...အင်းပါ...အဲ့တာဆိုလည်း လိုက်ခဲ့လေ

ယုန်ဖြူလေးက ပျော်ရွင် သွားပြီးလျှာလေးဖြင့် liliရဲ့ နှုတ်သီးလေးကို လျှက်လိုက်လေသည်

liliထပ်မံ၍ တုန်လှုပ်သွားရပြန်သည်။ ထိုအနမ်းလေးကြောင့် သူ့အရိုးတွေ ပျော့ခွေသွားပြီး မြေပြင်ပေါ်လဲကျတော့မလိုပင်

ဒီကောင်မလေးကတော့လေ......အူးးးးးးးး😣😣

မာန်ဝင့်ကာ တက်တက်ကြွကြွသွားနေတဲ့ ယုန်ဖြူလေးရဲ့အနောက်က အမြှီးလေးကုတ်ပြီးလိုက်သွားပုံကို lili အမေက မြင်ပြီး ရယ်ရမလို ငိုရမလိုနဲ့.....

ငါ့သမီးငယ်လေးက ယုန်ဖြူလေးကို တကယ့်စိတ်ရင်းနဲ့ ချစ်မြတ်နိုးနေတာပဲ

jen ကတော့ အပူအပင်မရှိ သွားချင်ရာကို လျောက်သွားနေတော့၏

ယုန်မျိုးနွယ်စုတွေက သစ်ပင်တွေ မြက်ပင်တွေ များတဲ့နေရာကို ကြိုက်တာ သဘာဝပဲလေ။

jenက ပျော်ရွင်ကာ လတ်ဆက်တဲ့ မြက်ခင်းစိမ်းကြီးပေါ်၌ လူးလှိမ့်နေသည့် မြင်ကွင်းကို liliက ငေးကြည့်နေလေသည်။

The fox girl is my lover🥕🦊(Completed)Tahanan ng mga kuwento. Tumuklas ngayon