Ep-7 🍑🍑

682 42 18
                                    


Unicode

ထောင့်လေးမှာ ကပ်နေတဲ့ jenက liliကို စကားမပြောတော့ချေ။

liliက ရှေ့တစ်လှမ်းတိုးလိုက်ပေမယ့် မချော့တက်သောကြောင့်....jen စိတ်ဆိုးသွားမှာလည်း ကြောက်မိသည်

liliက jen နားကို မုန်လာဥလေးတွေ ချပေးခဲ့ပြီး တောင်ထွဋ်တစ်နေရာတွင် လက်ပေါ် မေးတင်ပြီး တွေဝေနေလေ၏

Mom... သမီး ဝမ်းနည်းနေတာလား

သူမက သူမ၏သမီးငယ်လေးမျက်နှာကို သူမ မျက်နှာနှင့် အနည်းငယ် ပွတ်သပ်ပေးလိုက်လေသည်

liliလေ jenကို အသံကျယ်ကြီးနဲ့ အော်မိလိုက်တယ်😢

liliအသံမှာ နောင်တ တရားတွေပါဝင်နေပြီး စိတ်ဓာတ်ကျနေသယောင်ပင်။

liliအမေကတော့ မသက်မသာရယ်မောလိုက်သည်

" စိတ်ဆိုးအောင်လုပ်မိရင် ပြေတဲ့ထိ ချော့ရတယ် သမီးရဲ့..မဟုတ်ရင် jenက သမီးနဲ့ မိတ်မလိုက်ပဲ နေလိမ့်မယ်

lili တကယ် ကြောက်သည်။ jen ထွက်သွားမှာကိုရော...... အခြားတစ်ယောက်ကို သူ့ထက် ပိုခင်တွယ်သွားမှာကိုရော.........

ဒါပေမယ့် ဖြစ်ရပ်တစ်ခုလုံးမှာ သူသာလျင် မကောင်းတဲ့အကောင်စုတ် ဖြစ်ခဲ့တာပင်🙁

liliအမေ ပြောလိုက်သော စကားကြောင့်.. လှဲလှောင်းနေရာမှ ထရပ်လိုက်ပြီး.... ဝံပုလွေဖေဖေဆီ ပြေးသွားတော့သည်။

ဂူထဲမှာ အိပ်နေတဲ့ ဝံပုလွေကြီးက သူကို့မြင်တဲ့အခါ မျက်မှောင်ကြုတ်၍ ကြည့်နေလေသည်

Li'Dad.." lili မင်း...ပေါ်လာသေးတယ်နော်... တနေ့တနေ့ ဂူထဲကကိုမထွက်ဘူး..... ယုန်စုတ်လေး အသက်ရော ရှိသေးရဲ့လား"

ဝံပုလွေကြီး ပြောလိုက်တဲ့ စကားကြောင့် liliရှက်သွားပေမယ့် သားအဖချင်းဆိုတော့လည်း.....ရှက်မနေတော့ဘဲ... ဝံပုလွေကြီးနားကိုကပ်ကာ.........

..ဟိုလေ....ဖေဖေ

ဖေဖေလေ....မေမေ စိတ်ဆိုးရင် ဘယ်လိုချော့လဲဟင်😥

liliစကားကြောင့် ဝံပုလွေကြီးက ခဏတာ.... ကြောင်သွားပြီး..... နှာတစ်ချက်မှုတ်ထုတ်လိုက်သည်

Li'Dad....." အော်...ငါ့နှယ်....ချော့ဖို့ကိုများ အဖေ့လာမေးရတယ်လို့... .....ဒီလို သမီးမျိုးမြင်ဖူးကြရဲ့လား!!?????

The fox girl is my lover🥕🦊(Completed)Where stories live. Discover now