Final🐰🦊

546 39 9
                                    

Unicode

ညရောက်တဲ့အခါ ပုစဥ်းရင်ကွဲအော်သံတွေ တစီစီနဲ့ ဖိုးဖိုးဇီးကွက်ရဲ့ အစာရှာ အသံကိုလည်း ကြားနေရသည်

နေ့ခင်းဘက် အသိုက်ထဲက မထွက်တဲ့ ဖိုးဖိုးဇီးကွက်က ညဘက်အစာရှာထွက်ရင်း ကင်းစောင့်လေသည်

Liliရဲ့ ဂူဝသို့ တရိပ်ရိပ်တိုးသွားတဲ့ အရိပ်သေးသေးလေးကိုကြည့်ပြီး ဖိုးဖိုးဇီးကွက်  သက်ပြင်းချကာ မမြင်ချင်ယောင်ဆောင်လိုက်လေသည်

အိုင်းး.....အသက်ကလည်းကြီးလာတော့ အမြင်အာရုံတွေကလည်း ဝါးလာပြီ

ဂူထဲကို ဝင်သွားတဲ့ jenကို ငါမတွေ့လိုက်ဘူးနော်!!😑🦉

ယုန်ဖြူလေးက သူရင်းနှီးနေတဲ့ ဂူထဲသို့ တိုးတိုးလေး ဝင်သွားရင်း.. liliနားသို့ ချဥ်းကပ်သွားလေသည်

lili ဆန့်ထားတဲ့ လက်တွေပေါ် မေးတင်ရင်း.သက်တောင့်သက်သာ အိပ်စက်နေကာ
မျက်နှာမှာတော့ ကန့်လန့်ဖြတ်ခြစ်ရာကြီး ရှိနေလေသည်

မမ ရုပ်ဆိုးသွားလည်း မမက jen မိန်းမပဲ
.....အ့တာကြောင့် ဝမ်းမနည်းနဲ့နော်!

ယုန်ဖြူလေးက ဝံပုလွေကြီး အိပ်နေပုံကို အကြာကြီး ထိုင်ကြည့်ပြီး နှုတ်သီးချင်းအသာလေးပွတ်သပ်ကာ ခြေသံဖွဖွလေးနဲ့ ပြန်ထွက်သွားလေသည်

ယုန်ုဖြူလေး ထွက်သွားသည်ကို ဝံပုလွေကြီးက သိလေသည်

Li." ဘာလို့ ဘာမှ မလုပ်သွားတာလဲကွာ😣ငါနော်.....စိတ်မရှည်လိုက်တာ အရမ်းပဲ😖

ယုန်ဖြူလေးရဲ့ နေ့စဥ်လုပ်ငန်းစဥ်ကတော့  ဝံပုလွေကြီးကို ခိုးခိုးကြည့်တာဖြစ်ပြီး ညရောက်လျင်  သွား၍ခိုးနမ်းပြီးမှ အိပ်စက်လေသည်

liliကလည်း jenရဲ့ မရုိးမသား လုပ်ဆောင်မှု့လေးတွေကို မသိချင်ယောင်ဆောင်ထားပေးသည်🤭

Chae." မမjen.... ရေသွားဆော့ကြရအောင်"

ယုန်ုဖြူလေးက သက်ပြင်းသေးသေးလေးချကာ  ...ဝံပုလွေပေါက်လေးနောက် လိုက်သွားလေသည်

အကွယ်ကနေ စောင့်ကြည့်နေတဲ့ ဝံပုလွေကြီးက မျက်မှောင်ကြုတ်သွားလေသည်

Li.."ရေကြောက်တက်တာကို.... ဘာလို့ လိုက်သွားမှာလဲ"

နေပါအုံးဟ.....သူ ရေကြောက်တာ ငါက ဘယ်လိုသိပါလိမ့်💭💭

You've reached the end of published parts.

⏰ Last updated: Jun 28, 2023 ⏰

Add this story to your Library to get notified about new parts!

The fox girl is my lover🥕🦊(Completed)Where stories live. Discover now