Part 5🥕🦊

458 38 9
                                    


Unicode

lili က ထူးခြားတဲ့ မျိုးစိတ်ဖြစ်ပြီး နမိတ်အကောင်းဆုံး အချိန်မှာ မွေးဖွားခဲ့သောကြောင့် သန့်စင်ပြီး ဆယ့်ရှစ်နှစ်ပြည့်တာနဲ့ လူအသွင်ရနိုင်ခြေများလေသည်။

တကယ်တော့ ထိုကဲ့သို့ အဖြစ်ပျက်မျိုးက ရှိခဲ့ဖူးတာကြောင့် အထူးအဆန်းအရမ်းမဖြစ်ပေ။

lili သည် လူသားအသွင်သို့ ပြောင်းသွားလျှင် jen နဲ့ ဘယ်လိုပေါင်းသင်းရပါလိမ့်ဟု တွေးတိုင်း ခေါင်းရှုပ်ရလေသည်။

ထိုအကြောင်းအရာကို တွေးရင်း မုန်လာဥကို တူးနေလေသည်။ကိုက်လိုက် ဖြတ်လိုက် ဝံပူလွေတစ်ကောင်က မုန်လာဥ တူးရတာ အနည်းငယ်တော့ ခက်ခဲလေသည်။

တူးလိုက်တိုင်း မုန်လာဥတွေက တစ်လုံးမှ အကောင်းမပါပေ။ jen ကို လှလှဘေးပေးချင်ပေမယ့် အချိန်ကြာနေပြီမို့ jen ဗိုက်ဆာနေမှာလည်း စိုးရိမ်တာကြောင့် မုန်လာဥ အကျိုးအပဲ့လေးတွေကိုသာ သယ်လာလိုက်တော့သည်။

ဂူသို့ပြန်ရောက်သောအခါ အပူအပင်းကင်းစွာ အိပ်ပျော်နေတဲ့ jenက လွန်စွာ ချစ်စရာကောင်းလွန်းတာကြောင့် ကိုက်ချီကာ ဝှေ့ယမ်း ပစ်လိုက်ချင်မိသည်။

ထိုသို့တွေးနေတုန်း jenက မုန်လာဥ နံကြောင့် နိုးလာလေသည်။

နိုးလာသည်နှင့် lili တူးလာတဲ့ မုန်လာဥတွေကို ဖြေးဖြေးချင်း စားလေသည်။

liliက ယုန်ဖြူလေး စားနေပုံကို ဆန့်ထားသည့် လက်နှစ်ချောင်းပေါ်သို့ မေးတင်ကာ ငေးမောကြည့်နေလေသည်။

"မမ....ဗိုက်ဆာလား"

" မဆာဘူး "

jen ကမယုံသလို မျက်လုံးဝိုင်းလေးဖြင့် ကြည့်၍ မဆာလည်း စားလေနော်😥

"ရော့.....မမဖို့"

မုန်လာဥလေးကို liliရှေ့သို့ ကိုက်ချီပီး ချပေးလေသည်။

liliက အသားစားသတ္တဝါ ဖြစ်သောကြောင့် မုန်လာဥ မကြိုက်ပေ။ jenက သူပေးတဲ့ မုန်လာဥ ကို မထိဘဲ ငြိမ်သက်နေတဲ့ liliကြောင့် စိတ်ထဲ အတွေးတစ်ခု ရောက်သွားလေသည်။

"မမက jen ကို မကြိုက်လို့လားဟင်"

ငါက မုန်လာဥ မစားချင်ယုံပါ

The fox girl is my lover🥕🦊(Completed)Où les histoires vivent. Découvrez maintenant