Part1

2.8K 17 2
                                    

🖤🖤

ရွှေဝါရောင် ဆံပင်ရှည်လေးများကို နှဖူးပေါ်မှနောက်သို့ လှန်ချလိုက်သည်။ဂုတ်ပေါ်မရောက်သေးသည့် တွန့်လိမ်နေသောဆံပင်များကို လက်ဖြင့် ကိုင် တွယ်ဆော့ကစားရသည်မှာ အရသာတစ်ခုလို ဖြစ်နေပါ၏။ မို့မောက်နေသောနှဖူးပြင် ၊ ခပ်ကောင်ကောက်နှာခေါင်း နှင့် အစိမ်းရောင်သမ်းသော မျက်စံစူးစူးတို့သည် ဂျင် ရဲ့ထူးခြား သော အသွင်ပင်။မျက်ကွင်းညိုညိုလည်းအပါအဝင်ဖြစ်။

"ဟူး....."

ရှည်လျားသောသက်ပျင်းတစ်ခု။တစ် ခုခုလိုအပ်နေတာပဲ။မနေ့ကလက်ကျန် ဆေးလိပ်တစ်လိပ် ရှိအုံးမည် ။ ဘယ်နေရာမှာထားခဲ့မိတာလဲ သတိမထားမိ။

"ကျွတ်"

‌တိုးတိတ်စွာ စုပ်တစ်ချက် သပ်လိုက်ပြီး ပြင်တင်းပေါက်နားမှထ၍ အခန်းထဲအနှံ့ ကြည့်သည်။အညိုရောင်ပေါလစ်သုတ်ထားသော ကျွန်းခုတင်ကြီး ပေါ်မှ ချွတ်ချထားသော အင်္ကျီနှင့်ဘောင်းဘီ၊ပွယောင်းနေသောမွေ့လျာင်း များကိုဘေးဖယ်၍ ရှာသည်။အမေတွေ့သွားလေမလား စိတ်ပူရသေးသည်။ခုတင်ပေါ်တွင်မရှိပေ။ပြင်တင်းဝမှ နေရောင်ခြည်တမ်းများ အခန်းအတွင်းသို့အနည်းငယ်ဖြာကျလာသည်။အဝတ်ထားသည် ဗီဒို၏ဘေးရှိ ကိုယ်လုံးပေါ်မှန် ‌၏အောက်ချေရှိ အဖြူရောင် ဆေးလိပ်။လျင်မြန်စွာလျှောက်သွားပြီး ဆေးလိပ်ကို ပါးစပ်မှာတေ့ပြီး မီးညှိလိုက်သည်။

"ဒေါက် ဒေါက်"
"ဘယ်သူလဲ"
"မနက်စားစားရအောင်ဆင်းခဲ့တော့လေကောင်လေး အောက်မှာ မေကြီးတို့စောင့်နေကြပြီ"
"ဟုတ် လာခဲ့မယ်"

ဆေးလိပ်ကို အသက်အောင့်ပြီး ရှိုက်ချလိုက်သည်။မွေးကြိုင်နေသောရနံ့နှင့်အတူ ခန္တာကိုယ်တစ်ခုလုံးရှိသွေးသားများ လန်းဆန်းသွားသည် ဟုဂျင် ထင်လိုက်ရသည်။ဒါကြောင့်လဲ ပိုက်ဆံအကုန်ခံပြီး ခက်ခက်ခဲခဲဝယ်ထားတာပေါ့။နှာခေါင်းနဲ့ ပါးစပ်မှ ပြန်ထွက်လာတဲ့ အငွေ့များက ကိုယ်လုံးပေါ်မှန်သို့ ရိုက်ခက်ပြီး နေရောင်ခြည်တိုးဝင်နေတဲ့ပြတင်းဝဆီ လွင့်ပါးသွားသည်။တစ်ပိုင်းပဲကျန်တော့တဲ့ ဆေးလိပ်ကို မှန်တင်ခုံဘောင်ဖြင့် ထိုးငြိမ်းလိုက်သည်။

ချစ်တိုင်းပေါင်းရပါစေDove le storie prendono vita. Scoprilo ora