Part2

1.4K 11 2
                                    

နေသာသောနေဖြစ်သည်။အရိပ်အာဝါသကောင်းသည့် သစ်ပင်ခြုံနွယ်များကို ဖြတ်ကျော်ခဲ့ပြီး ပင်လယ်ရေလှိုင်းများပုတ်ခပ်နေသော ကျောက်ဆောင်ပေါ်တွင် ရပ်ပြီးအဆုံးအစမဲ့ပင်လယ်ကြီးကို ငေးကြည့်နေလိုက်သည်။လူအရောက်နည်းသော ဒီပင်လယ်ကွေ့တွင် ရေကူးပြီး အပန်းဖြေရသည်ကို ဂျင်နှစ်သက်သည်။အပေါ်ဝတ်ဘောင်းဘီတိုကိုချွတ်ပြီး ရေထဲခုန်ချလိုက်သည်။ပူအိုက်နေ၍ အကျီကိုအစကတည်းကဝတ်မလာခဲ့ပေ။

အပေါ်ယံနွေးပြီးအောက်ခြေမှာအေးနေသောကြောင့် ရေထဲသို့ ပို၍ ငုံကာဆင်းလိုက်သည်။ကြည်လင်နေသောရေအောက်တွင် ပြေးလွှားနေသော ငါသေးသေးလေးများနှင့် ‌ရေညှိတက်နေသောကျောက်ဆောင်များက ပို၍ အေးစေသလားအောင့်မေ့ရသည်။ငါးလေးတွေလိုရေထဲမှာ အမြဲနေနိုင်ရင် ကောင်းမှာပဲ။ပင်လယ်ဘက်ဆီကူးသွားလိုက် ရေလိုင်းနှင့်အတူ ပြန်လည်မျောပါလိုက်လုပ်ရင်းတစ်ယောက်ထဲ အူမြူးပျော်ရွှင်နေသည်။ညနေစောင်း နေဝင်ချိန်နီးပြီမို့ မူလကျောက်ဆောင်ဆီ ပြန်လည်ကူခတ်လာခဲ့သည်။

"ဘယ်သူပါလေ့"

ဂျင်ရှိရာသို့ စူးစိုက်ကြည့်ကာ ပြုံးနေသောလူတစ်ယောက်ကို တစ်ခါမှမမြင်ဘူးပေ။တောင့်တင်းနေသော ခန္တာကိုယ်သည် နေရောင်ခြည်ရဲ့ အလင်းပေးမှုကြောင့် ပို၍‌အရောင်တောက်နေသလို မြင့်မားသောအရပ်ကလည်း ထူးခြားလို့နေသည်မှာ တစ်ခါကြည့်မိရုံနှင်သိ၏။ထိုသူရှိရာကျောက်ဆောင်ဆီသို့ကူးခက်သွားလိုက်သည်။

"ဘာကြည့်နေတာလည်း"

ရေပြင်နှင့်တန်းတူကျောက်ဆောင်ဘက်တွင့်ထိုင်၍ ရေထဲသို့ခြေထောက်ချကာမေးလိုက်သည်။ထိုသူက ပြုံးပြီးရင်းပြုံးလို့နေသည်။

"ငါမင့်ကိုကြည့်နေလို့လား "

"ကြည့်နေပါတယ် ကျနော်သိတယ်"

"ကြည့်လို့မရဘူးလား baby"

"ဗွန်း...."

ဂျင်ရဲ့ ရှေ့နားမှရေနက်ပိုင်းသို့ ထိုသူသည်ခုန်ချတာကြောင့် ရေစက်များက လာ၍စင်သည်။ထိုသူပြန်ပေါ်လာသည် ဂျင်ရှိရာသို့ ပေါ့ပါးစွာကူးခတ်လာပြီး ဂျင်ရဲ့ဘေးတွင်လက်ထောက်ခါ ကိုယ်တစ်ပိုင်းကိုရေထဲတွင့်နှစ်၍ ထားသည်။ကတုံးရိတ်ထားသော ထိုသူ၏ဆံပင်မွှေးများသည် ရေသီးများခိုနေသည်။

ချစ်တိုင်းပေါင်းရပါစေWhere stories live. Discover now