Part3

992 14 2
                                    

ပြတင်းဝမှာရပ်ပြီး ရေလှိုင်းသံ အနည်း ငယ်ကြားနေရ‌သောပင်လယ်ပြင်ဘက်ဆီငေးကြည့်နေသည်။နေ့လယ်ခင်းဖြစ် ၍ နေရောင်ခြည်က စူရှပူလောင်လွန်းနေသည်။လက်ထဲမှ စီးကရက်ကို ရှိုက်ဖွာရင်း ဆံပင်များကိုနောက်သို့လှန်ချကာ ပွတ်သပ်၏။

ရင်ဘက်ပေါ်မှ သွားရာများ ဝမ်းဗိုက်ပေါ်မှအနီကွက်များ နှင့် ပေါင်တံတစ်လျှောက်မှ ကုတ်ခြစ်ရာများကိုကြည့်မိရင်း ခေါင်းရမ်းကာရယ်လိုက်မိသည်။ဘယ်သူဘယ်ဝါတောင် သေချာမသိသေးတဲ့ လူတစ်ယောက်ဆီ နေတိုင်းသွားပြီး လိင်မှုကိစ္စဖြည့်ဆည်း ပေးနေတဲ့ခပ်အ့အ့ကောင်လေးလို့ မြင်မိသည်။အဲဒါအပေါ်ယံအမြင်ပါ။တစ်ကယ်တော့ ဂျင်က ဖြည့်ဆည်းပေးတာမဟုတ်ဘူး ရယူတာ။ကျောင်းပိတ်ရက်တွေမှာအခန်းထဲ အောင်းပြီးအထီးကျန်စွာ ဖြတ်သမ်းနေရတဲ့ အဓိပ္ပာယ်မဲ့ နေ့ရက်များကို စတိုင်းဆီမှာကျော်လွန်ခဲ့တာ။

လက်ထဲမှ စီးကရက်လိုပဲ စတိုင်းရဲ့အထိအတွေ့တွေက ဂျင်ကို ယစ်မူးနေစေသည်။ကိုက်ခဲနေတဲ့ ဒဏ်ရာတွေကိုတောင် ချစ်မြတ်နိုးနေအောင် ဖန်တီးပေးနိုင်တဲ့ စတိုင်းပါပဲ။ပတ်သက်ခဲ့တဲ့ တစ်ပတ်တာအတွင်း စတိုင်းရဲ့အကြောင်း‌ကို ဂျင် သိခဲ့ရသည်။သူက လူလတ်ပိုင်းစာရေးဆရာတစ်ယောက်။ကျောင်းစာကလွှဲ၍ စာသိပ်မဖတ်ဖြစ်တဲ့ ဂျင်အဖို့တော့ သူကအဘယ်သို့သော စာရေးဆရာဆိုတာ နားမလည်ပေ။အားတဲ့အချိန်တိုင်း အပြေးသွားကာ စတိုင်းနဲ့စကားပြောရတာကို ကြိုက်သည်။စကားပြောတယ်ဆိုပေမယ့် သူပြောပြတဲ့အရာတွေကို ဘေးနားကနေထိုင်ပြီးနားထားရတဲ့အချန်ကပို၍များပါသည်။

သူပြောတဲ့စကားတွေက ဂျင်ရဲ့ပတ်ဝန်းကျင်ကပြောသော စကားများနှင့်မတူ လက်တွေ့ကျသည်။အဓိပ္ပာယ်ရှိသည်။ပြီးတော့ စိတ်ဝင်စားဖို့ကောင်းသည်။ဂျင်ကို ကလေးတစ်ယောင်ပမာ စနောက်ပြီး အဖန်ဖန်ခေါင်းလေးကို ပွတ်ပေးလေ့ရှိတော့ ဂျင်လည်းကလေးတစ်ယောက်ပမာ စတိုင်းရဲ့ရင်ခွင်ထဲခိုဝင်တက်နေပြီဖြစ်သည်။

"Bro မနားသေးဘူးလား"

စာထိုင်ရေးနေတဲ့ စတိုင်းရဲ့အနားသို့ကပ်ခါ တိုးတိုးလေးလာပြောသည်။လမ်းလျှောက်လိုက်သစ်ပင်နားထိုင်လိုက် စတိုင်းစာရေးတာကိုကြည့်လိုက်နှင့်တစ်နေ့လည်‌ကုန်တော့မည် အခုထိ စတိုင်းက စာရေးလို့မပြီးသေးဟုဆိုကာ ထိုင်ရမှာမထ။စိတ်ဆိုးချင်ပေမယ့် ဂျင် စိတ်မဆိုးတက်ပါ ကတုံးပြောင်ပြောင်နှင့်မျက်မှန်ဝိုင်းတပ်ထားသော သူကို ထိုင်ကြည့်ရတာကလည်း မဆိုးတော့မဆိုးပေ။

ချစ်တိုင်းပေါင်းရပါစေWhere stories live. Discover now