အဖေရဲ့ဆဲဆိုမှု အမေ့ရဲ့ ဆုံးမမှုတွေ ပြင်းထန်သောစကားလုံးတွေကို နားထဲမဝင်။နားထောင်နိုင်စွမ်းလည်းမရှိ။တွန့်လိမ်ကြေမွနေသော ဆံပင်များနှင့်အတူ ဂျင်ရဲ့ စိတ်ပိုင်းဆိုင်ရာသည်လည်း အစိတ်စိတ်အမွမွပြန့်ကျဲနေသည်။
အိပ်စက်ခြင်း နိုးထခြင်းတို့သည် မကွဲပြား။ဤအခြေအနေကို အဖေနဲ့အမေမသိအောင် ကြိုးစားဖုန်းကွယ်ထားရသည်။အိပ်ရာပေါ်မှာ ပက်လက်လှန်လှဲချရင်း စီးကရက်ကို ပျင်းစွာရှိုက်လိုက်သည်။မွှေးပြန့်သော အနံ့နှင့် ရည်ဝေထုံမှိုင်းသွားသော အရသာက ဂျင်ကို စီးကရက်အားပို၍ခင်သွယ်သွားစေသည်။
လူတွေက အရူးတွေကို လှောင်ကြတယ် ဂျင်ကတော့ ရူးပြီးရင်းရူးချင်နေသည်။ဦးတည်ရာမဲ့ ထွက်သွားလိုက်ချင်သည်။အရာအားလုံးကိုမေ့သွားလိုက်ချင်သည်။စီးကရက်များကိုပဲ တစ်လိပ်ပြီးတစ်လိပ်ထပ်ခါထပ်ခါ သောက်နေမိ၏။ စီးကရက်သောက်လိုက်သည်အချိန်သည် ခံစားချက်များပို၍ခံစားရသည်။သတိရခြင်းများ လွမ်းဆွတ်တမ်းတခြင်းများပို၍လာသည်။
"စတိုင်း ကျနော့ကိုမထားခဲ့နဲ့လေ"
"စတိုင်း ကျနော်ခင်ဗျားကိုချစ်တယ်"
"ဟား ကျနော်နဲ့အတူနေရအောင်လေ"
တိုးလျှသော စကားသံလုံးသံများကို မည်သူမှကြားမည်မဟုတ်။ပါးစပ်ဖျားမှထုတ်ပြောတာလား စိတ်ထဲမှပြောတာလားမသဲကွဲ။ခပ်တည်တည်ပင် နောက်သို့လှည့်မကြည့်ဘဲထွက်သွားတဲ့မျက်နှာက ဂျင်ရဲ့အာရုံထဲပေါ်လာသည်။လဲကျသွားသော ကောင်လေးတစ်ယောက်။
"ဒုန်း"
ဘေးနားရှိ နံရံအား လက်သီးဖြင့်ထိုးချလိုက်သည်။တစ်ချက် နှစ်ချက် သုံးချက်။လက်မှ သွေးစက်များ အိပ်ရာပေါ်သို့ပြန့်ကျကုန်သည်။
"ဂျင် "
ဂျက်ချမထားသော အခန်းတံခါးအားဖွင့်ကာ အယ်ရီဝင်လာသည်။ဒူးနှစ်ဖက်ကိုပိုက်ကာ ငိုနေသော ဂျင်အားကြည့်ပြီး သူမထိန့်လန့်သွားသည်။သွေးများထွက်နေသော လက်တစ်ဖက်သည် တုန်ယင်နေ၏။
"ဂျင် အယ်ရီရှိတယ်နော် ဘာမှမဖြစ်ဘူး"
အယ်ရီက သူ့ရဲ့လက်သေးသေးလေးဖြင့် ကျောကို အသားပုတ်ကာ အားပေးသည်။
![](https://img.wattpad.com/cover/317990762-288-k230048.jpg)
YOU ARE READING
ချစ်တိုင်းပေါင်းရပါစေ
Short Storyshort storyလေးဖြစ်ပါတယ် ခုမှစရေးတာမို့သည်းခံပြီးဖတ်ပေးကြပါနော်