part5 (The end)

919 20 2
                                    

ကျောင်းဝန်းထဲတွင် သွားလာလှုပ်ရှားနေကြသော ‌တက္ကသိုလ်ကျောင်းသားကျောင်းသူများသည် လှပသောအဝတ် အစားများကို ကိုယ်စီဝတ်လျက် အချို့ကစာအုပ်ကိုကိုင်၍ လည်းကောင်းအချို့က ကျောပိုးအိပ်မျိုးစုံနှင့် အလျှိုလျှိုသွားလာနေကြသည်။
ကျောင်းတက်ချိန်နီးလေ ပို၍များလာလေဖြစ်သည်။

ကျောင်းရှေ့မျက်နှာစာရှိ သစ်ပင်ငယ်လေး၏အရိပ် အောက်တွင် ကောင်လေးတစ်ယောက် စာအုပ်ကိုကိုင်ကာထိုင်နေသည်။ဖြောင့်ထားသော ဆံပင်များကရှေ့သို့ကျနေသည်။အရည်လဲ့နေသော မျက်လုံးနှင့် ပြည့်ဝနေသောမျက်နှာထားက မိန်းကလေးတွေရဲ့အကြည့်ကို ဆွဲဆောင်ထားနိုင်သည်။သိုသော်သူရဲ့မျက်နှာထားက လိုအပ်သည်ထက်ပို၍ တည်နေသည်။ခံစားချက်မဲ့သောမျက်နှာမျိုး။

"ဂျင် အတန်းထဲသွားမယ်"

"အင်းသွားမယ်လေ"

စာအုပ်ကိုခေါက်၍ ကျောပိုးအိပ်ထဲထည့်လွယ်ကာ သူငယ်ချင်းဖြစ်သူလိန်း ‌နဲ့ ကျောက်စီထားသောလမ်းလေးအတိုင်းလျှောက်လာခဲ့သည်။

"ဂျင် ဒီမှာ ငါစာအုပ်ဝယ်လာခဲ့တယ် "

"ဟုတ်လား ဘာစာအုပ်လဲ"

"ဒီစာအုပ်က အရမ်းနာမည်ကြီးနေတာလေ LGBT‌တွေ တန်းတူအခွင့်အရေးရဖို့ ရှေးရိုးရာအယူအဆတွေကို ဆန့်ကျင်ပြီး ချေပ့ထားတဲ့စာအုပ်လေ ငါတော့သူပြောတာတွေ  ကိုထောက်ခံတယ်၊ပြီးတော့ခုဆိုရင်LGBTအခွင့်အရေးအတွက်တောင်းဆိုဆန္ဒထုတ်ဖော်နေကြပြီ စိတ်မကောင်းစရာတစ်ခုကလေ စာရေးဆရာက ကင်ဆာရောဂါနဲ့ဆုံးသွားတယ်လေ သူဆုံးပြီးမှစာအုပ်ကထွက်တာ အဲဒါဆိုတော့ပိုပြီး လူသိများသွားတာ"

လိန်း သည် စာဖတ်ဝါသနာပါသည့်အလျှောက် စာအုပ်ကောင်းများအကြောင်းကိုလည်းအမြဲပြောပြတက်သည်။သူလက်ထဲက စာအုပ်ကို လှမ်းကြည့်မိတော့ အပြာရောင် မျက်နှာဖုံးနှင့်။

LGBTအခွင့်အရေးဆိုတာကြောင့် ဂျင်စိတ်ဝင်စားတာမို့ စာအုပ်ကို ခနပြဖို့တောင်းလိုက်သည်။

"ဟင်"

စာအုတ်မျက်နှာဖုံး ကပန်းချီပုံသည် အပြာရောင်ပင်လယ်ကြီးထဲရှိ ကျောက်ဆောင်ပေါ်မှာ ထိုင်နေသောကောင်လေးနှစ်ယောက်၏ပုံ။

You've reached the end of published parts.

⏰ Last updated: Aug 03, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်တိုင်းပေါင်းရပါစေWhere stories live. Discover now