Prologue

1.2K 144 14
                                    

Green Apple 🍏

***

"ဂျယ်ယွန်းက နေရောင်ခြည်လေးလို နွေးထွေးလွန်းလှတယ် ။"

ဟီဆွန်း၏စကားကြောင့် ဂျယ်ယွန်းမှာ Lollipop လေးအားငုံထားရင်းနဲ့မှ ဟီဆွန်းထံသို့ လှည့်ကြည့်လာခဲ့၏ ။

"ဘာလို့လဲဟင် ? ကျွန်တော့်နားမှာ ထိုင်ရတာ ကိုကိုပူနေလို့လားဟင် ?"

မျက်လုံးလေးအားပြူးကာ မေးလာသော ကလေးငယ်မှာ ဟီဆွန်း၏ကဗျာဆန်ဆန်ပြောနေခြင်းအား သိနေခြင်း အလျဉ်းမရှိခဲ့ပါချေ ။

"ကိုကိုပြောချင်တာ အဲ့လိုမဟုတ်ဘူးလေကွာ ။"

"ဒါဆို ... ဘာပြောချင်တာလဲဟင် ?"

ခြေလေးနှစ်ဖက်အားဆန့်တန်းကာ ဘယ်ညာဝေ့ယမ်းလျက်ရှိသော ဂျယ်ယွန်းမှာ ဟီဆွန်း၏ပြန်ဖြေမည့် အဖြေအား သေချာစွာစောင့်ကြည့်နေဟန်ရှိနေသည် ။

"ကိုကို ... ဂျယ်ယွန်းကို ချစ်တယ် ။"

"ကျွန်တော်ကလည်း ကိုကို့ကို ချစ်တယ်လေ ။"

"ကိုကိုပြောတဲ့ "ချစ်တယ်" ဆိုတာ အဲ့လိုချစ်တာကို ပြောချင်တာ မဟုတ်ဘူး ။"

ဟီဆွန်း၏စိတ်ပျက်လက်ပျက်ပုံအားကြည့်ကာ ဂျယ်ယွန်းမှာ မျက်လုံးလေးကလယ်ကလယ်နှင့် ရှိနေခဲ့သည် ။

"ဘယ်လိုလဲဟင် ?"

"သည်လို ။"

ဂျယ်ယွန်း၏ စုပ်လုံးလေးငုံထားသော ပါးနှစ်ဖက်အားဆွဲကာ ပြေးထွက်သွားသော ဟီဆွန်းကြောင့် ဂျယ်ယွန်းမှာ ပါးလေးအားပွတ်ကာ ဟီဆွန်းနောက်သို့ ပြေးလိုက်တော့သည် ။

အနှစ်နှစ် အလလ ချစ်ခဲ့ခြင်းတွေမှာ ကိုကို့ဘက်က အဖြူရောင်သံယောဇဉ်ကနေ အရောင်ဆိုးခဲ့မိတာ ဂျယ်ယွန်းမသိလေစ ... အဲ့သည့်နေရာ အထူးသဖြင့် အဲ့သည့် ချစ်ခြင်းမေတ္တာဆိုတဲ့ နေရာမှာ ဂျယ်ယွန်းက သုညအဆင့်ဆိုတာ ကိုကိုဖြင့် မေ့သွားခဲ့မိတယ်ကွာ ...

: Dear Ethan's Green Apple 🍏 :

A/N : ပေါ့ပေါ့ပါးပါးစတိုင်လ်လေးပါ ၊ နယ်မြို့လေးတစ်ခု ( ကျနော့်စိတ်ကူးထဲက နာမည် ) နဲ့ မိသားစုနှစ်ခု ၊ နွေးထွေးတဲ့ပုံစံအတိုင်းလေးနဲ့ ဟာသလေးတွေပါပါမဲ့ Comedy , Romance ပိုင်းဘက်ကို သွားထားပါတယ် ၊ ရေးချင်လာလို့ပါ ။

သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ။
၅.၈.၂၀၂၂

Dear Ethan's Green Apple 🍏 | HeeJakeWhere stories live. Discover now