🍏 | 1

818 142 29
                                    

2000 ခုနှစ်
ဂျယ်ဆွန်နယ်မြို့
ပင်လယ်ကမ်းခြေဒေသ

***

ပင်လယ်ဓာတ်အလျင်သည် ကုန်းပတ်လည်အား အေးအောင်ပြုမူပေးသကဲ့သို့ပင် တိုက်ခတ်လာသော ပင်လယ်လေနှင့်အတူ အငွေ့အသက်တချို့သည်လည်း လတ်ဆတ်နေခဲ့သည် ။ ဤနယ်မြို့လေးသည် လူဦးရေအနေဖြင့် အနည်းငယ်မျှသာရှိပြီး ပင်လယ်ကုန်ထုတ်လုပ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးအား ဦးစားပေးလုပ်ကိုင်ကြ၏ ။

နယ်မြို့ကလေး၏ ဓလေ့အရ ဤအရပ်တွင် နေထိုင်သူများမှာ ရိုးသားပြီး သဘောကောင်းကြသည် ။

"ဝါးးးး ဝါးးးး ။"

ကလေးငယ်လေးတစ်ဦး၏ အော်ငိုသံသည် စူးဝါးစွာဖြင့်ပေါ်ထွက်လာခဲ့၏ ။

"ဂျယ်ယွန်းလေးက တိတ်ပါကွယ် ၊ ဂျယ်ယွန်းလေး တိတ်မှ မေမေက အလုပ်သွားလုပ်လို့ရမှာပေါ့ ။"

သုံးနှစ်အရွယ်ကလေးလေးမှာတော့ မျက်နှာတစ်ခုလုံးအား မိခင်ဖြစ်သူ၏ ရင်ခွင်ထံအပ်ထားကာ မျက်ရည်ကြည်လေးများကျနေပြီး တစ်ချက်တစ်ချက်တွင်တော့ ရှိုက်သံလေးများပါ ရောယှက်ပါနေခဲ့သည် ။

"အမေ ... အမေ့မြေးကို လာခေါ်ပါဦး ၊ ကျွန်မ ... ငါးဖမ်းလှေစိုက်လာလို့ ၊ အဲ့ဘက်သွားကြည့်ရမှာ နောက်ကျနေပြီ ။"

"ဂျယ်ယွန်းလေးက ... ဘွားဘွားဆီလာကွယ် ၊ လာ ... လာ ။"

"ဝူးးးး မေ ၊ မေ ။"

စကားပြောတတ်စမ်းအရွယ်ပေမို့ စကားလုံးများမှာတော့ သိပ်မပီသေးပေ ။ သို့သော် ... ကလေးငယ်၏ ခပ်ဖောင်းဖောင်းပါးနှစ်ဖက် နှင့် ခပ်လုံးလုံးခန္ဓာကိုယ်ကလေးမှာတော့ မြင်သူအဖို့ ချစ်ချင်စဖွယ်ပါပင် ။

"ဘွားဆီလာ ၊ ဘွားဆီလာ ။ ဘွားက ... ကိုကိုဟီဆွန်းဆီ ဘွားမြေးလေးကို ခေါ်သွားပေးမယ် ။"

ထိုအခါမှ ဝူးဝူးဝါးဝါးအော်နေသော ကလေးငယ်မှာ အသံတိတ်သွားကာ သူ၏အဘွားဖြစ်သူထံသို့ ကြည့်နေတော့သည် ။ မိခင်ဖြစ်သူသည်လည်း ထိုမခါမှသာလျှင် အလျင်အမြန်ပင် လစ်ထွက်သွားရတောါ၏ ။

Dear Ethan's Green Apple 🍏 | HeeJakeМесто, где живут истории. Откройте их для себя