🍏 | 3

600 129 36
                                    

2003 ခုနှစ်

***

ကျောင်းသို့ သွားရသည့်လမ်းမှာ ပင်လယ်ကမ်းစမ်းနားမှ လှမ်းလျှောက်သွားရသော လူသွားလမ်းဖြစ်၍ ဘေးသို့ချော်မကျစေရန်အတွက် ဟီဆွန်းမှာ ဂျယ်ယွန်း၏လက်ကလေးအား တွဲကိုင်ထားရသည် ။ သူ၏ဘေးရှိ ကလေးငယ်မှာတော့ ငြိမ်မနေဘဲ တွေ့ရာခဲလုံးများနှင့်သဲများအား ခြေထောက်ဖြင့် ဆော့ကန်ပြုကာ ကစားနေလေ၏ ။

"ဂျယ်ယွန်းလေး ... ။"

"ဗျာ ... ကိုကို ။"

ပြန်ထူးလာသောအသံသေးသေးလေးသည် ချစ်စဖွယ်အတိနှင့် ရှိနေခဲ့သည် ။ ဟီဆွန်း၏မျက်နှာအား လှည့်ကြည့်ရန်အတွက်လည်း ဂျယ်ယွန်းမှာ မမေ့ခဲ့ ... ။ မျက်လုံးလေးအားဝင့်ကာ မော့ကြည့်လာသော ဂျယ်ယွန်းကြောင့် ထိုလုံးလုံးလေးအား အသည်းယားနေသူမှာတော့ ဟီဆွန်းသာလျှင် ... ။

"ကိုကို ... ဘာပြောထားသလဲ ။ သဲတွေ ၊ ခဲတွေကို အဲ့သည်လိုတွေ ကန်ဆော့နေရင် ခြေထောက်တွေမှာ ပေကုန်မယ်လို့ မပြောထားဘူးလား ။"

"ကိုကို ... ဂျယ်ယွန်းနီးကို ပြောထားပါတယ် ။"

မော့ကြည့်ကာပြန်ဖြေလာသောကလေးငယ်ကြောင့် ဟီဆွန်းမှာ ဂျယ်ယွန်း၏ကိုယ်လေးအား ပွေ့ချီလိုက်ခြင်းဖြင့် ကလေးငယ်၏ ကစားနေခြင်းအား ရပ်တန့်စေပစ်လိုက်သည် ။

"ခြေထောက်တွေပေမယ် ၊ အဲ့ကနေမှ ယားလို့ကုတ်မယ် ၊ အဲ့ကနေတစ်ဆင့် အနာတွေဖြစ်မယ် ။ ကိုကိုက ... မဆော့စေချင်လို့ မဟုတ်တာ ဂျယ်ယွန်းလေးသိတယ်မလား ။ ပြီးတော့ ... ကျောင်းသွားမှာကို ဂျယ်ယွန်းလေးက ညစ်ညစ်ပတ်ပတ်ကြီး သွားချင်နေတာလား ။"

"မသွားချင်ပါဘူး ၊ ဂျယ်ယွန်းနီးက ကိုကို့လို ... ကြည့်ကောင်းချင်တာ ။"

ထိုစကားပြောသည့်အချိန်တွင် ဂျယ်ယွန်း၏မျက်လုံးကလေးများမှာ တစ်လက်လက်နှင့် ဟီဆွန်း၏မျက်နှာထံ၌ ဝဲပျံနေခဲ့ပါ၏ ။

"ကိုကို့စကားကို အခု ဂျယ်ယွန်းနီးက နားထောင်တယ်လေ ၊ အဲ့သည့်တော့ ကိုကို သကြားလုံးဝယ်ကျွေးလို့ ရပြီလေ ။"

သွားဖြီးပြကာ ဟီဆွန်း၏ပွေ့ဖက်ခြင်းအားခံယူလျက် ဟီဆွန်း၏နောက်သို့ လိုက်ပါလာသော ကလေးငယ်သည် ပကတိဖြူစင်နေခဲ့သည် ။

Dear Ethan's Green Apple 🍏 | HeeJakeWhere stories live. Discover now