🍏 | 9

497 82 10
                                    

2010 ခုနှစ်

နေ့ရက်များကြာမြင့်လာသည်နှင့်အမျှ သံယောဇဉ်အမျှင်တန်း၏ စွဲအားသည် မြင့်တက်လာခဲ့ပြီဖြစ်သည် ။

လေအေးနုနု၏ဖြတ်တိုက်မှုသည် အရိုးထဲထိစွဲနေအောင် တိုက်ခတ်ရုံသာမက ၊ လွမ်းဆွတ်မှုဟူသော စိတ္တဇနာမ်၏အပိုင်းအစအားလည်း ပေးခဲ့ပါ၏ ။

ဤသည်မှာ သံယောဇဉ်အနှောင်အဖွဲ့တည်း

•••

ဂျယ်ယွန်း၏ ချစ်စရာကောင်းမှုအစုံသည် 2010 ခုနှစ်အရောက်တွင်တော့ အနည်းငယ်ရင့်ကျက်မှုဆီသို့ ဆောင်ကျဉ်းပေးခဲ့ဟန်ရှိသည် ။ "ကိုကို" ဟု ချွဲနေကျပင်ဖြစ်သော ကလေးငယ်သည်ကား ယခုအချိန်အခါမယ်တွင်တော့ ဟီဆွန်းနားသို့ သိပ်မကပ်နိုင်တော့ချေ ။

ဟီဆွန်း၏ ကြည့်ကောင်းလာမှုနှင့်အတူ ၊ မျက်လုံးရွဲကြီးများနှင့် ကြည့်တတ်သော ဂျယ်ယွန်းလေးသည်ကား ၊ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဟီဆွန်းထံသို့ မဝံ့တဝံ့သာ ကြည့်ရဲတော့၏ ။ ၁၂ နှစ်အရွယ် ဂျယ်ယွန်း၏ အကြည့်များသည် အနည်းငယ်စိမ်းသက်သော အကြည့်များအဖြစ်သို့ ~

"ဂျယ်ယွန်းရေ ... သားရဲ့ကိုကိုက သွားတော့မှာနော် ။ လာမနှုတ်ဆက်တော့ဘူးလား ။"

အဘွားဖြစ်သူ၏ခေါ်သံအား ကြားသော်လည်း ဂျယ်ယွန်းမှာတော့ အခန်းထဲတွင်သာ ပေကပ်၍နေခဲ့သည် ။ အနည်းငယ်တုန်လှုပ်နေသော မျက်ဆန်လေးများနှင့်အတူ အမည်မသိသော ခံစားချက်၏တိုက်ခိုက်နေမှုကြောင့် အံများပင်ကြိတ်ကာ နေခဲ့ရပါ၏ ။

ထိုစဉ် ရုတ်တရက်ပွင့်လာသော တံခါးသံနှင့်အတူ ဂျယ်ယွန်း၏ အမည်မသိခံစားချက်များပေါက်ဖွားလာရသည့် တရားခံ၏မျက်နှာသည် ဂျယ်ယွန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့တော့သည် ။

ကျုံ့ကာထိုင်နေသော ဂျယ်ယွန်း၏ အရှေ့တည့်တည့်သို့ ချောမောလှသော မျက်နှာတစ်ခုသည် ကပ်လာခဲ့ပါ၏ ။

"ဂျယ်ယွန်းက ... ကိုယ့်ကို မတွေ့ချင်တော့ဘူးလား ။"

"..."

"ကိုယ်က ... မြို့မှာ ဘယ်နှစ်နှစ်ကြာမယ်မှန်းမသိတာတောင် ကိုယ့်ကလေးလေးက ကိုယ့်ကို မမြင်ချင်တော့ဘူးပေါ့ ။"

Você leu todos os capítulos publicados.

⏰ Última atualização: Jul 29, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Dear Ethan's Green Apple 🍏 | HeeJakeOnde histórias criam vida. Descubra agora