🍏 | 2

607 130 18
                                    

2000 ခုနှစ်

***

ကျောင်းပိတ်ရက်ဖြစ်ပေသည်မို့ ဟီဆွန်းအဖို့ မိဘများ၏ငါးလုပ်ငန်းတွင် ဝိုင်းဝန်းလုပ်ကိုင်ပေးနေသည် ။ ပင်လယ်ပြင်၏ ရေပြင်ကျယ်အားကြည့်ကာ ဟီဆွန်း ဤဒေသ၌နေရသည်အား ပျော်မွေ့လျက်ရှိသည် ၊ ပျော်မွေ့စရာ အကြောင်းပြချက်လေးသည်ကား ရှိနေပြီးသားပေသမို့ ~

"ဟာ ... ဂျယ်ယွန်းလေးပါလားကွ ၊ ဘွားဘွားလက်ထဲနေရတာ ပျင်းလို့ ပင်လယ်ကမ်းစပ်အထိ ဘွားဘွားက လမ်းလျှောက်ပေးနေရပြီ ထင်တယ် ။"

"ဂျယ်ယွန်းလေး" ဟူသော အသံကိုကြားသည်နှင့်တစ်ပြိုင်နက် ဟီဆွန်းခေါင်းထောင် ကြည့်မိလာသည် ။ ပြုံးရယ်နေသော ကလေးငယ်သည် လက်ထဲတွင်လည်း ချိုလိမ်လေးအား ကိုင်ထားလျက်ရှိ၏ ။

နေရောင်စူးစူး၏အလင်းရောင်ကြောင့် မျက်မှောင်အနည်းငယ်ကျုံ့ထားသော်ငြား ဟီဆွန်းကို မြင်သောအခါ၌ သူ၏ဘွားအေဖြစ်သူလက်ထံမှ အတင်းကော့ထိုးကာ ဆင်းတော့မည့်ဟန်ပြုလေသည် ။

"ရှင်းမ်ဂျယ်ယွန်းကတော့ ဟီဆွန်းကိုဆို ဘယ်လိုချစ်မှန်းကို မသိတာပါအေ ၊ ငါ့လက်ထဲသာ မငြိမ်တာ ဟီဆွန်းဆီသာရောက်ကြည့် ၊ ငြိမ်ပြီး ဟီဆွန်းလုပ်သမျှကို လိုက်ကြည့်နေတော့တာ ။

"ကို ... ကို ။"

လက်သေးသေးလေးအား ဆန့်ထုတ်ကာ ဟီဆွန်းထံလက်ယက်ကာ ခေါ်နေသည်မို့ ဟီဆွန်းလည်း မတတ်သာတော့ဘဲ လက်အား အနီးရှိရေပုံးထဲမှရေနှင့် အလျင်အမြန်ပင်ဆေးလိုက်ကာ ဂျယ်ယွန်းထံသို့ ပြေးသွားတော့၏ ။

"အဘွား ... ကျွန်တော့်ကိုပေးလေ ၊ ကျွန်တော်ချီထားလိုက်မယ် ။"

"မချီပါနဲ့ ... သားရယ် ၊ သား ပင်ပန်းပါတယ် ၊ ဂျယ်ယွန်းက ခန္ဓာကိုယ်ကြီးက လုံးကလုံးရယ်နဲ့ ၊ အဘွား ... တွန်းလှည်းသွားယူပေးမယ်ကွယ် ။"

"ဟုတ် ... အဘွား ။"

ဘွားအေဖြစ်သူမှာတော့ ဂျယ်ယွန်းအား ဟီဆွန်းနှင့်ခဏထားခဲ့ကာဖြင့် တွန်းလှည်းအား သွားယူတော့သည် ။

ဂျယ်ယွန်းမှာတော့ ဟီဆွန်း၏လက်ပေါ်မှနေ၍ သူ၏လက်သေးသေးများဖြင့် ဟီဆွန်း၏ပါးပြင်အား လှမ်းထိကာ တခစ်ခစ်အော်ရယ်နေပါ၏ ။

Dear Ethan's Green Apple 🍏 | HeeJakeМесто, где живут истории. Откройте их для себя