🍏 | 7

488 92 17
                                    

2003 ခုနှစ်

***

တိမ်လွှာပြင် ၊ တိမ်အထပ်ထပ်များအား ပင်လယ်၏ ကမ်းခြေရှိ သဲသောင်ပြင်များထံသို့ လှဲချကာ ကြည့်နေခဲ့သော အရွယ်ရောက်ပြီးသားကောင်လေးနှင့် လုံးတုံးတုံးကလေးငယ်လေး ။

ခပ်မြူးမြူး ပင်လယ်လှိုင်းများနှင့်အတူ လေတိုက်သည့်အချိန်တိုင်းတွင် လွင့်လာသော တိမ်လွှာဖြူခပ်ပါးပါး အထပ်အထပ်များအား လုံးတုံးတုံးကလေးငယ်မှာ မျက်တောင်မခတ်စတမ်း ၊ မျက်လုံးလေးဝင့်ကာဖြင့် လိုက်ပါကြည့်နေမိခဲ့ပါ၏ ။

"ကိုကို ။"

ရုတ်တရက် မတ်တပ်ထလာပြီးနောက် ဟီဆွန်းအား ပြူးကာကြည့်နေသော ဂျယ်ယွန်းမှာ တစ်ခုခုအားတွေးတောနေဟန်ရှိသည် ။

"ကိုကိုပြောတော့ ဂျယ်ယွန်းနီး ညစ်ပတ်ရင် မချစ်တော့ဘူးလေဆို ၊ အခုကျ ဂျယ်ယွန်းနီးက ညစ်ပတ်ကုန်ပြီလေ ကိုကိုရယ် ။"

ဟီဆွန်းပြောသည့် စကားများအား အမြဲပင်တစ်ခွန်းမကျန်အောင် လိုက်မှတ်ထားသော ထိုကောင်လေးအားကြည့်ကာ ဟီဆွန်းမှာကြည့်ကာ အော်ရယ်မိတော့၏ ။

"သည်လိုဆို ... ကိုကို့ကိုလည်း ဂျယ်ယွန်းလေးက ကြည့်ပါဦး ၊ ကိုကိုလည်း ညစ်ပတ်နေတာပဲလေ ။"

"မတူဘူးလေ ၊ ကိုကိုက ... ညစ်ပတ်ပေမဲ့ ကြည့်ကောင်းတယ်လေ ကိုကိုရယ် ၊ အဲ့လိုကြောင့် ဟိုမမတွေက ကိုကို့နားကပ်တာပေါ့လေ ။"

စကားတတ်သော ထိုပန်းသီးစိမ်းပေါက်စလေးကြောင့် ဟီဆွန်းမှာ ထိုပေါက်စလေးအား အနားသို့ဆွဲခေါ်လိုက်ကာ ပေါင်ပေါ်သို့တင်ကာ ထိုင်စေလိုက်သည် ။

"ဂျယ်ယွန်းလေး ... တိမ်တွေကို ကြည့်လိုက်ပါဦး ၊ တိမ်တွေရွေ့နေတာ ဂျယ်ယွန်းလေးမြင်လား ။"

ဟီဆွန်း၏အမေးကြောင့် ခေါင်းလုံးလုံးလေးမှာ တိမ်များအားမော့ကြည့်နေရာမှ ဟီဆွန်း၏ဘက်သို့ လှည့်လာကာ ဟီဆွန်းအားမော့ကြည့်ပြီးနောင် ခေါင်းအသာညိတ်ပြလိုက်လေ၏ ။

"တိမ်တွေ ဘယ်လောက်ပဲ ရွေ့နေပါစေ ၊ ကောင်းကင်ကြီးကတော့ အမြဲတည်နေတယ် ။ တိမ်တွေက တစ်ခဏတာ ဖြတ်လျှောက်သွားရုံပဲ ၊ ကောင်းကင်ကြီးကတော့ နေမြဲတိုင်းပဲ ။ သည်လိုပဲပေါ့ ၊ ... ကိုကို့နားမှာ ကောင်မလေးတွေဝဲနေပေမဲ့ သူတို့ကတိမ်တွေဖြစ်ပြီး ဂျယ်ယွန်းလေးကမှ ကိုကို့ရဲ့ကောင်းကင်ကြီးဖြစ်တယ် ။"

သိပ်နားလည်ဟန်မရှိသော ဂျယ်ယွန်းလေးမှာတော့ ဟီဆွန်းပြောနေသည့်စကားများအား မျက်လုံးလေးကလယ်ကလယ် ၊ မေးလေးထောက်ကာဖြင့် နားထောင်နေခဲ့ပါသည် ။

"ကိုကို့ကို ... ဂျယ်ယွန်းနီးက ချစ်တယ်လေ ။"

မေးထောက်ပြီး စူထော်ကာပြောလာသော ပေါက်စကြောင့် ဟီဆွန်းမှာ ထိုပေါက်စလေးအား ချီမလိုက်ကာဖြင့် နဖူးထက်သို့ အနမ်းတစ်ပွင့်ပေးခဲ့မိ၏ ။ ထိုအနမ်းပွင့်၏ အဓိပ္ပာယ်အား ဂျယ်ယွန်းမသိသော်ငြား သူ၏အပိုင်ဟူသော သင်္ကေတအား ဟီဆွန်းချန်ထားမိချင်ခဲ့သောကြောင့် ~

"ကိုကိုတို့ ... ကျောင်းပြေးတာ ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော် ။"

"ကိုကို ... ဂျယ်ယွန်းနီးကို အာဘွားပေးရင် မပြောဘူးလေ ။"

‌နေဝင်ချိန်ဆိုသည့်အတိုင်း ပုစွန်ဆီရောင်ဖြာငျနေသော ရောင်ခြည်ခပ်နုနုနှင့်အတူ ပေါ်ရှိနေသော မျက်နှာဖြူဥဥလေးအားကြည့်ကာ ဟီဆွန်းမှာ ချစ်၍မဝနိုင်သာ ဖြစ်ခဲ့ရတော့သည် ။

"ကိုကိုတို့ ... ပြန်ကြမယ် ၊ ပြန်ရောက်ရင် ကိုကိုက ဂျယ်ယွန်းနီးကြိုက်တဲ့ ပြည်ကြီးငါးကင် လုပ်ကျွေးမယ် ၊ ပန်းသီးသကြားလုံးလည်း ကျွေးမယ် ။"

"အာဘွားရော မပေးဘူးလားလေ ။"

ဪ ၊ ကိုကို့ ပန်းသီးစိမ်းလေးရယ် ၊
ကိုကိုဖြင့် ဘာပြန်ပြောရမလဲ ဖြစ်ရပြန်ပြီကွယ် ။

"ဒါကတော့ ဂျယ်ယွန်းလေးအပေါ် မူတည်တယ် ။ ကဲ ... လာပါကွာ ၊ ကိုကိုတို့ ပြန်ကြမယ် ။"

"ကိုကို့သဘောပါလေ ။"

ပါးဖောင်းဖောင်းလေးထံမှ ပေါ်ထွက်နေသော သွေးကြောမျှင်ခပ်စိမ်းစိမ်းကလေးများနှင့် ဘေးမှကြည့်မှသာ သိသာသော ထူးခြားသည့် မျက်ဝန်းခပ်လှလှကလေးအားကြည့်ကာ ဟီဆွန်းမှာ ချစ်မဝနိုင် ။

တိမ်တိုက်များ၏အပေါ်
လက်များတွဲလျက်
တွဲလျှောက်ချင်သည့် ဆန္ဒအစုံမှာ
ပန်းသီးစိမ်းကလေးကြောင့်သာလျှင်
ဖြစ်ပေါ်ခဲ့ပါ၏

: Dear Ethan's Green Apple 🍏 :

Next Part's Spoiler :

"ကိုကို ... မကြိုက်ရင် ဂျယ်ယွန်းနီး အဲ့သည့်ကောင်မလေးကို သွားပြန်နမ်းလိုက်ရမလားလေ ။"

***

နောက်တစ်ပိုင်းကျ နည်းနည်းရှည်မယ်နော် ၊ ဇာတ်ရှိန်တက်နေပါပြီ ။ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ပန်းသီးစိမ်းပေါက်စလေးကို တွေ့ရတော့မှာပါ ။

သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ။
၁၄.၁၀.၂၀၂၂

Dear Ethan's Green Apple 🍏 | HeeJakeWhere stories live. Discover now