Episode 2

784 110 15
                                    

unicode ~

"ကျတော်မျိုးရောက်ပါပီ"

မိဖုရားဝမ် အခေါ်တော်လွှတ်တာကြောင် အမတ်ကြီးဂျွန် နန်းဆောင်သို့ ရောက်လာသည်

"ဘယ်လိုဖြစ်ရတာလဲ အဲ့ကလေးကို ငါသတ်ခိုင်းထားတယ်လေ!!"

မိဖုရားဝမ် မျက်နှာကိုတင်းမာစွာပြောသည် ဒေါသထွက်နေသော အရိပ်အရောင်တွေလည်းမြင်ရသည်

"ကျတော်မျိုးကြိုးစားပါသေးတယ် အရှင်က မိဖုရားအနားမှာအစောင့်တွေထားခဲ့တယ် ပြီးတော့ အမတ်ကြီးမင်ကလည်း အနားကမခွာဘူးဆိုတော့...."

"တိတ်!!!! ငါ့ကိုဆင်ခြေတွေမပေးနဲ့ အခုအဲ့ဂြိုလ်ဆိုးလေးကမွေးပီ"

မိဖုရားဝမ်အတော့်ကိုစိတ်တိုနေသည် မိဖုရားအပါအဝင် ဝမ်တိုင်းပြည်တစ်ခုလုံး ယွမ်ဟိုကိုမုန်းကြသည်

အကြောင်းက ယခုလက်ရှိယွမ်ဟိုဘုရင်၏ခမည်းတော်ကြောင့်ပင် ထိုဘုရင်သည် ပညာဉာဏ်လည်းရှိသလို စစ်ရေးစစ်ရာမှာလည်းကျွမ်းကျင်လှသည် ရက်စက်ရာတွင်လည်း နှစ်ယောက်မရှိပေ..

ယွမ်ဟိုဘုရင်ဟောင့်သည် ယွမ်ဟိုနယ်နမိတ်ချဲ့ထွင်ရန် ဝမ်းတိုင်းပြည်ကိုတိုက်ခိုက်သည်  စစ်နိုင်သည့်အပြင် ဝမ်တိုင်းပြည်ရှိ ပြည်သူများကိုလည်း သုံ့ပန်းအဖြစ် ခေါ်ဆောင်သည် ရိတ်က္ခာ သယံဇာတများကိုလည်း ယူဆောင်သည်
ထိုအပြင် ဝမ်ဘုရင်၏ရှေ့မှောက်၌ ဝမ်ဘုရင်၏ညီတော် မိဖုရားခေါင်ကြီး၏ ဦးရီးတော်ကိုလည်း ရက်စက်စွာခေါင်းဖြတ်သတ်သည်
ထိုအကြောင်းတို့ကြောင့် ဝမ်တိုင်းပြည်ကယွမ်ဟိုကိုအမုန်းကြီးမုန်းရခြင်းပင်

လက်ရှိယွမ်ဟိုမင်းသည် အရင်ဘုရင်နှင့်လုံးဝကွာခြားသည် ထို့ကြောင့် တစ်ချိနိကထွန်းပေါက်ခဲ့သောယွမ်ဟိုက ယခုဝမ်နိုင်ငံလက်အောက်၌ရှိနေရခြင်းပင်

"မယ်မယ် ​အရှင်က မနက်ဖြန် အရှင့်သား၏အိမ်ရှေ့စံပေးပွဲကျင်းပ့မည်ဖြစ်သောကြောင့် ပြင်ဆင်စရာရှိတာပြင်ဆင်ပါဟု အမိန်ပါးလိုက်ပါတယ် "

I'm not girl please don't love me:( {Complete}Where stories live. Discover now