Episode 4

753 117 40
                                    

unicode ~~

Kim namjoon ၏စိတ်ကူးအတိုင်း kim seokjinမှ kim jinnieအဖြစ်သို့ ပြောလဲလာတာယခုဆို၉နှစ်ရှိပြီ...
မွေးထဲက အသက်၉နှစ်အထိ seokjinမှာ တစ်ခါမှ အမျိုးသားရိုးရာဝတ်စုံမဝတ်ရ မိန်းကလေးဝတ်စုံသာဝတ်ဆင်ရသည်
မိန်းကလေးလို အပြောအဆိုအနေအထိုင် လေ့ကျင့်ရသည်
သို့ပေမယ့် ယောက်ျားလေးဗီဇပါလာလို့ထင်သည် seokjinသည် သူ့ကိုယ်သူ ကျတော်ဟူ၍သာသုံးနှုံးသည် ယောက်ျားလေးများဖြင့်သာအပေါင်းအသင်းလုပ်သည် သစ်ပင်တက်သည် ငါးမြားသည် ရန်ဖြစ်ရင်လည်းသူအရင်လက်ပါရမှကျေနပ်သည်...

အရှင့်သားမှာ မိန်းကလေးနှင့်တူတဲ့အကျင့်တစ်ခုသာရှိသည် အဲ့တာက စိတ်ကောက်တက်ခြင်းပင် တစ်အိမ်လုံးကတုန်နေအောင်ချစ်တာလည်းပါမည် ထို့အပြင် အသက်အရွယ်တူသော kim namjoon၏သား taehyungကပါ အရှင့်သားဆို သဲသဲလှုပ်ပင်

taehyung သည် စကားနည်းတဲ့သူတစ်ယောက်ဖြစ်သည့်အပြင် ပြုံးရယ်ခြင်းလည်းသိပ်မရှိပေ
ထိုလက္ခဏာတို့ကလည်း အခြားသူများရှေ့တွင်သာ..seokjin ခေါ် jinnieရှေ့တွင်ဆို စကားနည်းတဲ့taehyung မျက်နှာတည်တဲ့taehyungကဘယ်ပျောက်လို့ပျောက်မှန်းမသိချေ

taehyungက jinnieကို စောင့်ရှောက်သည် အမြဲကာကွယ်ပေးသည် jinnieကအပြစ်လုပ်ရင်တောင် သူကအစားဝင်ခံသည် jinnieအတွက်တော့ သူ့ထက် 26ရက်ငယ်တဲ့ အကိုကြီး တစ်ယောက်ပင်....

"appa..........."

ဆိုင်းတံခါးဝမှ appaဟုအသံရှည်ကြီးဆွဲကာဝင်လာ သောjinnie....
juriသိလိုက်ပါပြီ တစ်ယောက်ယောက်ကိုစိတ်ကောက်ပြီး appaကိုလာတိုင်ပြီဆိုတာ

juri" jinnie ဘယ်သူ့ကိုကောက်ပြန်ပြီလည်း"

jin" appa ရော...appa....."

"appa လာပါပြီ.."

ငိုမဲ့မဲ့ဖြင့် appaဟုသာအော်နေသော စွာတေးလန်လေး၏အသံကြောင့် kim namjoonဂျုံနယ်နေရာမှအပြေးလာရသည်

jin"appa taeပေါ့ ကျတော့်ကို သစ်ပင်ပေါ်မတက်ခိုင်းဘူး "

ဟော..တိုင်ပါပြီ နှုတ်ခမ်းဆူဆူလေးနဲ့...

nj"အဲ့တာ jinnieကိုထိခိုက်မှာဆိုးလို့ပေါ့"

I'm not girl please don't love me:( {Complete}Where stories live. Discover now