Episode 11

690 101 11
                                    

Unicode ~~

Yoongi သင်ကြား ရန် လိုအပ် သည် များ ကို namjoonနှင့်အတူ နယ်စားမင်းပါ ဆွေးနွေးနေကြသည်

"ကျုပ် သင်ချင်တဲ့ ကလေးတွေကို စုခိုင်းထားတယ်"

Gi"လူနည်းလည်း ကိစ္စမရှိပါဘူး ကျတောင်သင်ပေးရမယ့်လူက ကျတော့်ဆီကပညာကိုလိုလိုလားလားရှိတဲ့လူပဲဖြစ်စေချင်တယ်"

"ကောင်းပါပြီ"

Nj"သင်မယ့်နေရာကို ဖြောင်းယန်းအနောက်က တောအုပ်ထဲမှာဆိုရင်ရော"

Gi"အဆင်ပြေသလိုလုပ်ကြပါ ကျတော့်ကဘာပဲဖြစ်ဖြစ်ရပါတယ်"

" ဒါ ဆို ကျုပ်ပြန်အုံးမယ်"

နယ်စားမင်း တံခါးနားသို့အရောက်တွင်

Gi"မိန်းကလေးတွေလည်းပါတယ်နော် ကိုယ်ခံပညာကလူတိုင်းတက်သင့်တယ်လေ"

"ဟုတ်တာပေါ့ .....ဒါ ဆို ခွင့်ပြုပါအုံး"

မိန်ကလေးတွေပါသင်ပေးမည်ဆိုတာက အမှန်တော့ အမျိုးသမီးများကိုကိုယ်စားပြုခြင်းမဟုတ် jinnieအတွက်သာဖြစ်သည်
Yoongi ဖြောင်းယန်းကိုလာရတဲ့အကြောင်းရင်းကလည်း jinnieဆိုတဲ့အကြောင်းပြချက်တစ်ခုသာ

Gi"မင်းသား......အာ...ဦးjoon ဘယ်တော့ jinnieကိုအမှန်တိုင်းဖွင့်ပြောမှာလဲ "

Nj"တစ်ချိန်ပေါ့ အခုကတော့ jinnieအဆင်သင့်မဖြစ်သေးဘူး   သူ့ကိုမင်းကပဲအစစအရာရာသင်ကြားပေးပါ"

Gi" စိတ်ချပါ  Kim jinnieမဟုတ်ဘဲ Kim seokjin အဖြစ် ပြောင်းသွားတဲ့အထိ ကျတော်တာ၀န်ယူမှာပါ"

><><><><><

  Taehyungမအားတာကြောင့် jinnieတစ်ယောက်ထဲပျင်းတာနဲ့ ယာခင်းတွေဘက်ကိုထွက်လာခဲ့သည်
ယာခင်းတွေက ဖြောင်းယန်းရဲ့ နယ်မြေအစွန်မှာရှိတာကြောင့်လူသွားလူလာနည်းသည်
လက်ရှိ ထိုနေရာ၌ jinnieတစ်ယောက်ထဲသာရှိသည်

ပျင်းကလည်းပျင်း လေကလည်းတစ်ဖြူးဖြူးတိုက်နေတော့ အိပ်ဖို့သာ စဥ်းစားလိုက်သည်
အရိပ်ရတဲ့ အပင်တစ်ပင်အောက်ထိုင်ကာ သစ်ပင်ပင်စည်ကိုမှီပြီး မျက်လုံးမှိုတ်ထားလိုက်သည်
ကျေးငှက်လေးများက တေးဆိုပေးနေတာကြောင့် ခနလေးအတွင်း အိပ်ပျော်သွားသည်

I'm not girl please don't love me:( {Complete}Dove le storie prendono vita. Scoprilo ora