Episode 13

642 92 3
                                    

Unicode~~

Chae naraက သိပ်မွှေတာပဲ janကို သူနဲ့အိမ်ကသဘောတူထားတယ်ဆိုတာသွားပြောတယ်တဲ့လေ ဟိုကလေးက အထင်လွဲမှဖြင့်..!

မြန်မြန်ရှင်းမပြရင် အကုန် လွဲ ကုန် တော့ မှာ...
ဒါနဲ့ဘယ်ကိုသွားရမှာလဲ? Janကဘယ်ထွက်သွားမှန်းငါမှမသိတာ.!!

"Jungkook shi!"

Jungkook အတွေးများစွားဖြင်လမ်းပေါ်တွင်ရောင်လည်လည်လုပ်နေစဥ်   သူ့အားခေါ်လိုက်သောလူတစ်ယောက်

Jk"အော့...hoseok shi"

bi"ဘာတွေအလျှင်လိုနေတာလဲ"

Jk"janကိုလိုက်ရှာနေတာ"

bi" jinnieက ခုနကပဲတွေလိုက်တယ်"

Jk" ဟမ်!! သူဘယ်ကိုသွားတာလဲ"

  Jungkookကအလျှင်စလိုဖြင့်မေးလာတာကြောင့် hoseokပင် ကြောင်အအဖြစ်သွားသည်

bi"အမ်.....အရှေ့ဘက်တောဘက်ကိုထွက်သွားတာပဲ စမ်းချောင်းကိုထင်တယ် ကျတော်ကိုမြင်တာတောင် နှုတ်ဆက်မသွားဘူး ကြည့်ရတာတစ်ယောက်ယောက်ကို စိတ်ကောက်လာပြီထင်တယ်"

Jk"အင်း ကျေးဇူးပဲနော်"

Hoseokအားကျေးဇူးတင်ကြောင်းပြောကာ အရှေ့ဘက်တောဆီိသို့ အမြန်ပြေးသွားသည်

စမ်းချောင်းနားသို့အရောက် jungkookအား ကျောပေးကာထိုင်နေသော အကောင်ပေါက်လေးအားမြင်လိုက်ပါပြီ
ရေထဲကိုခဲလုံးတွေ မနားတမ်းပစ်ပြီး ပါးစပ်ကလည်းပွစိပွစိပြောနေလေရဲ့
ဘယ် အချိန် ထဲက လာ ပေါက်ကွဲ နေ လည်း မသိ  jungkookကြားတာတော့ စကားတွေကတစ်၀က်လောက်ရောက်နေပြီ သို့ သော် ထိုတစ်၀က်ကလေးကပင် jungkookအတွက်လုံလောက်ပါသည်။

jin".......ငါ့ကိုလွယ်တယ်ထင်နေတာလား? ဟင့်!.. ငါ့ကိုကြိုက်သလိုမျိုးနဲ့ ငါ့အနားမှာနေပြီး ငါ့ကိုစွဲလမ်းအောင်မလုပ်သင်ဘူးလေ!!!"

Jk"ဘယ်သူက ဘယ်သူ ကို စွဲလမ်းတယ်...?"

Jinnieဘယ်သူ့အကြောင်းပြောနေမှန်း သူသိပေမယ့် jinnieအားစချင်သောကြောင့်မေးလိုက်ခြင်းပင်
ထိုလူသားလေးကတော့ jungkookကိုမြင်ပြီးလန့်သွားတယ်ထင်ပါရဲ့ မျက်လုံးအိမ်လေးကပုံမှန်ထက်ကျယ်သွားသည်
ပြီးနောက် သူ့ရဲ့မျက်ရည်အပိုင်းအစလေးကို လက်ဖနှောင့်ဖြင့် ခပ်ကြမ်းကြမ်းသုတ်ကာ ထိုနေရာမှထွက်သွားရန် ဟန်ပြင်သောကြောင့် jungkookအမြန်လက်လေးအားဖမ်းဆွဲလိုက်သည်

I'm not girl please don't love me:( {Complete}Where stories live. Discover now