Episode 6

753 104 9
                                    

unicode ~~

အေးချမ်းစွာနေထိုင်လိုတဲ့လူတစ်ယောက်ပီပီ ပန်းချီဆိုင်လေးတစ်ဆိုင် မြို့ထဲတွင်ဖွင့်ထားသည်

ဆိုင်မှာခန့်ထားသော စျေးရောင်းတဲ့ဦးလေးကနေမကောင်းသဖြင့် ဒီနေ့တော့ ကျ​ေတာ်ကိုယ်တိုင်ပင်ဆိုင်ထိုင်နေသည်

ပန်းချီကားတွေကိုစစ်ကြည့်ကာ သန့်ရှင်းနေတုန်း လူတစ်ယောက်ကလာတိုက်သည်ဟုခံစားရသည် ကြည့်မိတော့ မိန်းမလှလေးတစ်ဦး ထိုမိန်းကလေး လဲကျတော့မည်ဖြစ်သောကြောင့် ခါးလေးကိုဖက်ကာ ထိန်းပေးမိသည်

သူမသည် အနီးကပ်ကြည့်တော့ပိုလှသည် မြို့တော်ရှိမိန်းကလေးတွေကို ဆေးဆိုးရောင်ချယ်မထားဘဲ ပန်းနုရောင်သန်းနေသောမျက်နှာလေးက ကျတော့်အားစွဲဆောင်နေသလို...
လုံးဝန်းနေသော ချယ်ရီသီးလိုနှုတ်ခမ်းလေးကလည်း အလွန်ကြည့်၍ကောင်းသည်

လန့်သွားသည်ထင်ပါရဲ့ မျက်လုံးလေးတွေမှိတ်ထားသော သူမ၏ မျက်ခွဲလေးတွေမှာသွေးကြောစိမ်းလေးများကအထင်းသား....တစ်ကယ်ကိုလှရက်လောက်ပါပေတယ်

မျက်လုံးဖွင့်လာပြီး သူ့ကိုကြောင်ကြည့်နေပြန်တဲ့ အလှလေး... ဘာလိုအဲ့လောက်လှရတာလဲ

"တောင်းပန်ပါတယ် မိန်းကလေး ကျတော်မမြင်မိလိုက်လို့ပါ"

အမှန်က ကျတော်ဝင်တိုက်ခဲ့ခြင်းမဟုတ်ပေ သို့သော် ကျတော့်ဘက်ကသာတောင်းပန်လိုက်သည် အခုထိ သူမကပြူးတူးတူးလေးကြည့်နေတုန်း မျက်လုံးလေးတွေကအစ ရူးလောက်ပါပေတယ်...

jin"အာ...ရ..ရပါတယ် "

"ပန်းချီကား လာကြည့်တာလား "

jin"ဟုတ်ကဲ့"

"အော်...စိတ်ကြိုက်ကြည့်ပါဗျ"

အသံလေးကလည်းချစ်ဖို့ကောင်းပါဘိ

အခုမှမြင်ဖူးတဲ့လူတစ်ယောက်က jungkookနှလုံးသားထဲအမြစ်တွယ်သွားမယ်မှန်း ဘယ်သူထင်မလဲ ထိုလူက jungkookပြောနေသလို "သူမ" မဟုတ်ဘဲ "သူ" ဖြစ်နေတာသိရင်ကော....

I'm not girl please don't love me:( {Complete}Where stories live. Discover now