Episode 9

706 113 35
                                    

Unicode~~

Jy"ဘာ !! Kim jinnieနဲ့ jungkook shiနဲ့ကတွေ့ပြီးပြီ ဟုတ်လား!!"

နယ်စားမင်း၏ အိမ်တော်၌ jiyoung ၏ အလိုမကျမှုများ ပြည့်နှက်နေသည်

my"ငါလည်းနည်းနည်းစက်စုခဲ့တာ အရာရှိကြီးက Kim jinnie ရဲ့အိမ်ကို ၄ရက်ဆက်တိုက်သွားတာတဲ့ "

jy"ဖက် ထုပ် စား ချင် လို့ နေ မှာ ပေါ့"

my"အမယ်ဖက်ထုပ်စားချင်တာကလဲ အလွန်ဆုံး၂ရက်ပေါ့အေ"

hy"ဖက်ထုပ်စားချင်တာလား Kim jinnieကိုစားချင်တာလား?"

hwaryoung က လှောင်နေသောအမူအရာဖြင့်ပြောကာ အသံထွက်ရုံလေးရယ်လိုက်သည်

jy" kim jinnie ! Kim jinnie သူ့ကိုဒီတိုင်းထားလို့တော့မရတော့ဘူး"

hy" ဒီတိုင်းမထားလို့နင်ကဘာလုပ်မလို့လဲ"

jy" တစ်ခုခုတော့လုပ်ရမှာပဲ ငြိမ်နေလို့ဖြစ်မလား နင်တို့ပဲစဥ်းစားကြည့် အစက jimin ပြီး တော့ taehyung အခုကြ jungkook ...ဟ့ သူကယောက်ျားတွေအကုန်လုံးကိုမြူစွယ်နေတာ"

my" jiyoungပြောတာဟုတ်တာပဲ အဲ့မိန်းမက သိပ်ကြောက်စရာကောင်းတယ်"

jy" ငါ တို့ တွေ ပူးပေါင်း မှ ရမယ်"

ညီမ ၃ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အသံတိတ်စကားပြောနေကြသည် သူတို့ဘာလုပ်မှာလဲဆိုတာတော့ သူ တို့ ပဲ သိ လိမ့် မည်...

><><><><

ဆိုင်ရှေ့တွင် ၀ှေ့လည်ကြောင်ပတ်လုပ်နေသော jimin အား jinnieကြည့်နေတာကြာပါပီ ဆိုင်ထဲချောင်းကြည့်လိုက် ၀င်တော့မလို့လုပ်လိုက် ပြန်မယ်လုပ်လိုက်နဲ့ မျက်စိ နောက်စရာ ကောင်း နေ သည်
စချင်တဲ့စိတ်ပေါ်လာတာနဲ့ သူ့အနောက်ကိုတိတ်တိတ်လေးသွားကာ

Jin" ဟိတ်!!"

Ji"အားးးးးtaehyung ငါjinnieလာတွေ့တာမဟုတ်ပါဘူး "

Jinnie သူ့မျက်နှာကိုမကြည့်ဘဲ မျက်လုံးစုံမှိတ်ကာ ယောင်ချင်ရာယောင်နေသောjiminကိုကြည့်ပြီး အားရပါးရသာအော်ရယ်မိတော့သည်

I'm not girl please don't love me:( {Complete}Where stories live. Discover now