အခန်း◀၄၀▶

1.4K 173 53
                                    

" သားအဖြစ်မှ အမွေတ်ြစွန့်လွှတ်ပါကြောင်း"

ခေါင်းစည်းမည်းနှင့် လေးထောင့်ကွက်ထဲက သတင်းကလေးကိုအမှတ်မထင် မတော်တဆဖတ်မိရသည့်နေ့ကတော့ ချမ်းငိုရပါသည်။

သတင်းစာပါ ရက်စွဲကတော့ အချိန်များစွာပင်နောက်ကျကျန်နေခဲ့ပါပြီ။နေ့စဉ်သတင်းစာယူနေပါလျက် အခုချိန်ထိဒါကိုမသိခဲ့တာသည် တစုံတယောက်က ဒီသတင်းကိုသူမမြင်ရလေအောင် ဖုံးဖိသိုဝှက်ထားခဲ့လို့ပဲပေါ့။ကိုယ့်အပြစ်နှင့်ကိုယ်ပေပဲ။ဒီလိုပဲဖြစ်မယ်ဆိုတာ ခန့်မှန်းသိပါလျက်နဲ့ ကိုယ့်ခြေထောက်နဲ့ကိုယ်ရွေးချယ်ခဲ့သောလမ်းမို့ ဒီလိုအရေးယူခံရတဲ့အပေါ် ဘယ်သူ့ကိုမှလည်းအပြစ်တင်လို့မရ။ဒါပေမယ့်လည်း ဝမ်းနည်းစရာကောင်းလှပါသည်။

မေမေရေ... ဘွားရေ... သားကို မုန်းသွားကြပြီလား.... ဒီပါချမ်းမြရဲ့ ဂုဏ်သိက္ခာကိုကျဆင်းအောင်လုပ်တဲ့သူရယ်လို့ အမျက်ရှကာမေတ္တာတွေလျော့ပါးသွားကြပြီလား... ချမ်း... ကိုကိုနဲ့မခွဲနိုင်လို့ပါ... ကိုကို့ကိုသိပ်ချစ်လို့ပါ... မေမေတို့ကို ခြေစုံကန်ချင်တဲ့စိတ်နည်းနည်းလေးမှမရှိရပါဘူး...

ချမ်းသည် မေမေ့ကိုတရင်းနဲ့ ဘာမှမတတ်နိုင်တိုင်း အနီးဆုံးမှာရှိသော ကိုကို့ကိုသာ ဝမ်းပန်းတနည်းပြစ်တင်စိတ်ကောက်ရပေသည်။ကိုကို့ကိုတော့ သူနိုင်ပေသည်ကိုး။

"ကလေးကလည်းကွာ...မငိုပါနဲ့...မင်းဒီလိုဖြစ်မှာစိုးလို့ မပြောပြချင်တာသိလား "

"ပြောရမှာပေါ့... ကိုကိုကဘာဖြစ်လို့ဖုံးထားရတာလဲ..."

ပခုံး လက်မောင်း ကျောပြင်တွေကို ထုထုပြီးငိုသမျှ တမန့်ခမျာ မျက်နှာမကောင်းပဲ ခေါင်းငုံ့ခံရရှာသည်။

" ကိုကို့ကို မုန်းတယ် သိလား..."

" မမုန်းပါနဲ့ ချမ်းရယ်..."

တသက်လုံးအနားမှာရှိသမျှသောလူတွေရဲ့ ဖူးဖူးမှုတ်ချစ်ခင်အလေးပေးခြင်းကိုသာလက်ခံရရှိလာရဖူးသဖြင့် ဤသို့သောပစ်ပယ်ခံရမှုသည် ချမ်းအတွက်ပြင်းပြင်းထန်ထန်ထိခိုက်နာကျင်စေပါသည်။ဒါပေမယ့် အရိုက်မခံရဖူးသောကလေး ပထမဆုံးအရိုက်ခံရသည့်အပေါ် ထွန့်ထွန့်လူးဝမ်းနည်းမခံမရပ်နိုင်ခြင်းမျိုးသာဖြစ်လျက် ကိုကို့နောက်ကိုလိုက်ခဲ့မိသည့်အတွက် နောင်တကတော့ အနည်းငယ်လေးမျှပင်မရှိပါ။မလိုက်ခဲ့မိလျင်သာ နောင်တရချင်ရပေမည်။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now