If only you were in my place........🔞 (35)

11.9K 135 4
                                        

If only you were in my place...........

Ep 35

'တကယ်ပဲ နှစ်ယောက်ထဲဖြစ်ပါ့မလား....'

Silasတို့နှစ်ယောက်က သူ့အဖေဖိတ်ကြားသောမွေးနေ့ပွဲကိုသွားမှာဖြစ်သည်
ထို့ကြောင့် mithက နှစ်ယောက်ထဲစိတ်မချတာမို့ အဖေတယောက်လို ပွစိပွစိပြောနေလေသည်

'ဖြစ်ပါတယ်ကွာ အကယ်၍တခုခုဖြစ်ခဲ့ရင်လဲ သူတယောက်ထဲမို့ ငါကာကွယ်ရအဆင်ပြေတယ်
လူများရင် မင်းတို့အားလုံးငါတယောက်ထဲမကာကွယ်နိုင်ဘူး သူတို့ကငါ့ထက်အင်အားကြီးကြတာ
မင်းတို့အနေနဲ့လိုက်ခဲ့ရင်လဲ သေတွင်းထဲဖိတ်ခေါ်သလိုပဲဖြစ်မှာ.....'

'အရှင်တို့နှစ်ယောက်က အခုရန်သူတွင်းမှန်းသိရက်နဲ့ တမင်သက်သက်သွားနေကြသလိုပဲ.....'

'လက်ကျန်သံယောစဉ်ကြောင့်ပါကွာ...
ရန်သူဆိုရင်တော့ သံယောစဉ်တွေဖြတ်ပြီးပြန်လာခဲ့မှာ....'

'အရှင်မ အရှင့်ကိုဂရုစိုက်ပါအုန်းနော်....'

'စိတ်ချပါ.... အကုန်လုံးရန်ကနေ ကာကွယ်လာခဲ့မယ်....'

'အဲ့ဆိုငါတို့သွားပြီနော်....'

'အွန်း.... ဂရုစိုက်ကြနော် နှစ်ယောက်လုံး....'

သွားမယ်လို့ပြောလိုက်တဲ့နေ့ထဲကစိတ်မချဖြစ်နေတာ သွားခါနီးအထိ စိတ်ပူနေတုန်းပင်....
Mithက တကယ့်ကို Silasရဲ့အဖေနဲ့တူသည်
Silasအဖိုးတောင် Silasကို အဲ့သလောက်ဂရုမစိုက်
သူပဲအဖေတယောက်လို အကိုတယောက်လိုစိုးရိမ်ပူပန်နိုင်လွန်းသည်
အဲ့တာကြောင့်လဲ Silasကခင်တွယ်ရသည် ယုံကြည်အားထားရသည်

Vampire တိုင်းပြည်က အရှေ့ဘက်ပင်လယ်ရဲ့ နက်ရှိုင်းသော ကျွန်းစွယ်မှာတည်ရှိတာဖြစ်သည်
ထိုကိုရောက်ဖို့ ရေလမ်းခရီးကိုသာအသုံးပြုပြီး သွားရသည်
လူတွေကကြောက်ရွံကြတာမို့ လူသွားနည်းပြီး သူတို့ကလဲတသီးတသန့်နေထိုင်ကြသည်
သူတို့အနေနဲ့လဲ ဒီဘက်ခြမ်းကိုလာခဲသလို လာလဲမလာကြပေ.....
လူ့သွေးက သူတို့အဆာဖြစ်ပေမဲ့လဲ လူတွေနဲ့စာချုပ်ချုပ်ဆိုထားတာကြောင့် လူသွေးသောက်လို့မရ
လူသားတွေလို သူတို့ဘာသာတိရစ္ဆာန်တွေမွေးပြီး တိရစ္ဆာန်သွေးသောက်သုံးရသည်
လူတွေကအားအင်နည်းတဲ့သတ္တဝါတွေဖြစ်ပေမဲ့လဲ အင်အားတောင့်သည်
သူတို့ကလူနည်းစုဖြစ်ပြီး မျိုးပွားနှုန်းနည်းတာမို့ လက်နက်ရော လူအင်အားမှာပါသာလွန်တဲ့ လူသားတွေနဲ့သိပ်အချေတင်မဖြစ်ချင်ပေ.....
Silasတို့က လူသူအရောက်နည်းတဲ့နေရာကိုသွားတာမို့ သ‌င်္ဘောသားတွေက အံ့ဩနေကြသည်
သူတို့ဆို ဒီနေရာကိုယောင်လို့တောင်ခြေဦးမလှည့်ပေ
ရေလမ်းကနေသွားတဲ့ခရီးက သုံးရက်လောက်ကြာမှ သူတို့ဆီရောက်ခဲ့သည်
ဆိပ်ကမ်းရောက်ရောက်ချင်း သူတို့အကုန်လုံးအံ့ဩနေခဲ့ကြသည်
သူတို့တွေးထားသလိုမဟုတ် လူတိုင်းပြည်လိုစည်ကားသာယာနေတာကြောင့် သူတို့ပါးစပ်ဟောင်းလောင်းဖြစ်ရသည်
ကြီးမားလှသောဆိပ်ကမ်းကြီး သာယာလှသောဈေးတန်းကြီး စည်ကားလှသောလူတွေနဲ့ vampireတိုင်းပြည်ရဲ့အဝင်ပေါက်က ခန်းမားလှသည်
Silasတို့လာမှာ ကြိုသိနေတယ်ထင်တယ်....
ဆိပ်ကမ်းမှာသူတို့ကိုစောင့်ကြိုနေတဲ့ လှည်းကအဆင့်သင့်ပင်.....
ကိုယ်ရံတော်မပါတဲ့သူတို့နှစ်ယောက်က သံသယကင်းကင်းနဲ့ပဲ သူတို့ကိုလာကြိုသော မြင်းလှည်းပေါ်တက်စီးလိုက်ကြသည်
သင်္ဘောသားတွေကတော့ ဒီနေရာမှာမနေရဲတာမို့ Silas လာကြိုခိုင်းသောနေ့မှပဲ လာကြိုမယ်ဆိုကာ ပြန်သွားကြသည်

If Only You were In My Place...... ❄ (Complete 🔞)Where stories live. Discover now