Unicode............
If only you were in my place
Ep 37
ပင်လယ်တွေဟာ ညဘက်၌ လင်းလက်တောက်ပနိုင်တယ်ဆိုတာ ယုံပါသလား....
ညသန်းခေါင်ယံမှာ အပြာနုအရောင်ဖြင့် ထူးဆန်းစွာလင်းလက်တောက်ပနေတဲ့ပင်လယ်ဟာ မှော်ဆန်စွာဖြင့်လှပနေတယ်....
သူ့အပေါ်ယံထက်မှာတည်ရှိနေတဲ့ ကောင်းကင်ကြီးဟာလဲ ခရမ်းရောင်အပြာရောင်အစရှိတဲ့ နဂါးငွေ့တန်းတွေနဲ့ ကမ္ဘာလောကကို အလှဖော်ထားလို့နေသည်
ပင်လယ်ဘက်မှတိုက်ခတ်လာသော ပင်လယ်လေ အေးအေးလေဟာ ကမ်းခြေသောင်ပြင်ဘက်သို့
တရွေ့ရွေ့ရောက်ရှိလို့လာသည်
ညအချိန်မို့ လူသူတိတ်ဆိတ်နေပေမဲ့ ရှည်လျားလှတဲ့ကမ်းခြေပြင်ကြီးမှာ လူတယောက်ကတော့ အထီးကျန်စွာထိုင်လို့နေတယ်
သူ့ဆီ လာရောက်နှုတ်ဆက်တဲ့ပင်လယ်လှိုင်းဖြူဖြူလေးကိုလဲ သူမကြည့်နိုင်....
ဟိုးအဝေးတနေရာက မမြင်ရတဲ့ အဆုံးမရှိတဲ့ မှောင်မဲတဲ့ကောင်းကင်ကိုသာကြည့်ပြီး သူထိုင်ငေးလို့နေသည်
သူ အထီးကျန်နေခဲ့သည် အားငယ်နေခဲ့သည် ပြီးတော့ သူမနောက်သို့ လိုက်သွားချင်ခဲ့သည်
တနှစ်ဆိုတဲ့အချိန်ကာလလေးက ခဏလေးမို့ သူလဲ သူမနဲ့ခွဲခွာရတာ တနှစ်ရှိပြီဖြစ်သည်
သူမ မရှိတဲ့တနှစ်ဟာ သူ့အတွက်ငရဲထက်ပိုဆိုးကြောင်း သူ့ကိုယ်သူသာသိသည်
သူမနောက်လိုက်ဖို့ အဆိပ်တွေသောက်ပေမဲ့လဲ တိုက်အမြင့်ပေါ်ကခုန်ချပေမဲ့လဲ မြင်းလှည်းရှေ့ပြေးဝင်ကာ တက်ကျိတ်ခံပေမဲ့လဲ သူဘဝအဆုံးမသတ်ခဲ့.....
သူက သာမန်မဟုတ်တာကြောင့် ဒီအရာတွေဟာ ဘာမှမဖြစ်သလိုနဲ့ လျင်"မြန်"ပျောက်ကင်းသွားခဲ့သည်
ဘာမှမရှိတဲ့နေရာကိုကြည့်နေရင်း သူ့မျက်လုံးထဲကနေ လွမ်းမျက်ရည်တွေကျလာခဲ့သည်
ဒီနေရာလေးက ခက်တယောက် သူနဲ့အတူလာချင်ခဲ့ဆုံးနေရာ...
ခက်ရှိနေစဉ်အတွင်းမှာ ခက်ကိုလိုက်မပို့နိုင်ခဲ့တာမို့ သူစိတ်မကောင်းဖြစ်ရသည်
ခက်အကြိုက်ဆုံးနေရာလေးမို့ သူမကြာခဏ လာဖြစ်သည်
လာလိုက်တိုင်းလဲ သဲပြင်ပေါ်၌ထိုင်ကာ ပင်လယ်ကိုကြည့်ပြီး ငိုကြွေးခြင်းနဲ့ပဲအဆုံးသတ်ရသည်
ပင်လယ်ကတိုက်ခတ်သောညလေက အေးပေမဲ့လဲ
သူ့ရင်ထဲမှာတော့ မီးတောင်ထက်တောင်ပူလောင်နေသည်
ပါးစပ်ကနေချော်ရည်တွေလောင်းချထားသလို
သူ့ကိုယ်ထဲမှာ ချော်ရည်တွေစီးဆင်းနေသလို ပူလောင်လို့နေသည်
YOU ARE READING
If Only You were In My Place...... ❄ (Complete 🔞)
RomanceMature on 🔞 မို့ အသက်ပြည့်မှဖတ်စေချင်ပါတယ်ရှင်💗 Unicode...... အနေအေး ဒေါသကြီးတဲ့ ကောင်လေးတယောက် သူကိုမှအရမ်းမုန်း အရမ်းသတ်ချင်နေတဲ့မိန်းကလေးကိုမှစွဲစွဲလမ်းလမ်းချစ်မိသွားတဲ့အခါ ..... သူကသူ့ရဲ့ဒေါသအတိုင်းအဆုံးသတ်မလား..... ဒါမှမဟုတ် သူ့ရဲ့စိတ်ဆန္ဒကို...
