နတ်ဆိုး

11.1K 647 3
                                    

အပိုင်း-၂

********

ကျွန်တော် လက်က နာရီကို တစ်ချက်ကြည့်ပြီး ဆိုင်ဝင်ပေါက်ကို တစ်ချက်လှမ်းကြည့်ရင်း စိတ်ထဲ အလိုမကျသလို ခံစားလာရသည်,, အရင်တုန်းက သူတစ်ခါမှ နောက်မကျဘူးပါ,,, ကျွန်တော့်ထက် minnie က ပိုပြီး အချိန်တိကျတတ်သူပင်,,,, အခု ဘာလို့နောက်ကျနေပါလိမ့် ,,, ပြီးတော့ ဒီနေ့က ကျွန်တော်နှင့် သူရဲ့ ချစ်သူသက်တမ်း 7နှစ်ပြည့်သည့်နေ့ပင်,,, ဒီလိုနေ့မျိုးမှာမှ သူနောက်ကျသည်ဆိုတာတော့ သိပ်မဟုတ်ချင်,,,, သူဘာလို့နောက်ကျနေလဲ စိုးရိမ်စိတ်နှင့်အတူ သူ ဒီနေ့ကိုမှ နောက်ကျနေပါလားဆိုသည့် ဆိုးနွဲ့စိတ်တို့က ရင်ထဲ အပြည့်ပင်,,, ချစ်လာသည့် သက်တမ်းတစ်လျှောက် Minnie ကသာ ကျွန်တော့်ကို အလိုလိုက်ခဲ့သည်က များသည်,,, ကျွန်တော်နှင့် အတူတူရှိရင် ဘယ်တုန်းကမှ သူဘာဖြစ်ချင်လဲ မတွေးပဲ ကျွန်တော် ဘာဖြစ်ချင်လဲဆိုသည်သာ အမြဲတွေးပြီး ဖြည့်ဆည်းပေးတတ်သူပဲလေ, ,,,,, တစ်ခါတစ်လေ သူ့ရဲ့ ကျွန်တော့် အပေါ်အလိုလိုက်သည့် စိတ်ကို ကြည်နူးမိပေမယ့် တစ်ခါတစ်လေတော့ ဝမ်းနည်းမိသည်,,, အခုထိ ကျွန်တော်က minnieနှင့် ပတ်သတ်ပြီး ဘာတစ်ခုမှ ပြန်လည် မဖြည့်ဆည်းရသေးပါ,,,, ဘာတစ်ခုမှ ကျွန်တော် မပေးဆပ်ရသေးပါ,,, အဲ့လိုကျွန်တော် တွေးမိရင်လည်း Minnie က သူ့ကို ချစ်နေရင်သာ ပေးဆပ်ခြင်း တစ်မျိုးပဲ ဆိုသည်လေ, ,,,

'' ဘာမှာ မလဲခင်မျာ''

အနားသို့ရောက်လာသည့် စားပွဲထိုးရဲ့ စကားကြောင့် ကျွန်တော် အတွေးများပျက်ကာ စားပွဲထိုးကို ကြည့်ပြီး တစ်ချက်ပြုံးပြကာ

'' နောက်တစ်ယောက်စောင့်နေလို့ ရေပဲ ချပေးပါနော်''

ကျွန်တော့် စကားကြောင့် စားပွဲထိုးက ကျွန်တော့်ကို ထူးဆန်းသလို တစ်ချက်ကြည့်ကာ ကျွန်တော့်နားမှ လှည့်ထွက်သွားသည်,,, အင်းလေ, ,, စားပွဲထိုး အံ့သြော်လည်းအံ့သြော်ချင်စရာပဲကို ကျွန်တေိာ အခုဆို ရေမှာတာ 5ခွက်မြောက်ပဲလေ, ,,,, စားပွဲထိုးက ရေတစ်ခွက်လာချပေးတော့ ကျွန်တော် လက်မှ နာရီကို ပြန်ကြည့်ပြီး Minnie ကို ဒေါသထွက်လာသည်,,, အစတည်းက ပြောတယ်,,, ဒီနေ့မှာတော့ အလုပ်မဆင်းပါနဲ့ဆို,,, ကျွန်တော်က နေ့ခင်းဘက်တွေဆို ကလေးတွေကို စန္ဒယားတီးသင်ပေးပြီး သူက တော့ အငှားကားမောင်းသည်လေ, ,,,, ညပိုင်းတော့ နှစ်ယောက်အတူတူ ဆိုက်တွင် သီချင်းဆိုကာ ငွေစုကြသည်လေ, ,,, အခုလည်း သူက အငှားကားမောင်းပြီး ကျွန်တော့်ကို ချိန်းထားသည့် ဆိုင်တွင် အရင်စောင့်ခိုင်းပြီး သူက နောက်မှ လိုက်လာမည်ဆိုသည်,,, အခု တော်တော်ကို နောက်ကျနေပြီ,,, အစကတော့ မနက်အိပ်ယာနိုးတာနှင့် ဒီတစ်ရက်တော့ သူသဘောတိုင်း ပျော်အောင်လိုပ်လုပ်ပေးမည်ဟု ဆုံးဖြတ်ထားသော်လည်း အခုတော့ သူ့ကို တော်တော် စိတ်တိုနေပြီ,,,တွေ့မယ်,,, လာမှ ဗိုက်ခေါက်ကို ဆွဲလိမ်ပစ်လိုက်မယ်,,,,

နတ်ဆိုးWhere stories live. Discover now