နတ်ဆိုး

10K 617 10
                                    

အပိုင်း - ၃

********

ကျွန်တော် ရင်းနှီးနေသည့် အိပ်ခန်းလေးကို လှည့်ပတ်ကြည့်ရင်း အလိုလို ရင်ထဲဝမ်းနည်းလာမိသည်၊၊ ဒီအခန်းလေးက ကျွန်တော် နှစ်ပေါင်းများစွာ ရင်းနှီးကြွမ်းဝင်လာသည့် နေရာလေးမို့လား၊၊ အခန်းအတွင်း ကုတင်တစ်ခုနှင့် နံရံကပ်ဘီရိုတစ်ခုသာရှိပြီး အိမ်၏ မြေအောက်ထပ်တွင် ဖွဲ့စည်းထားသည်ဆိုပေမယ့် ကျွန်တော့် အတွက်တော့ အေးချမ်းသည့် နားခိုရာနေရာလေးပင်၊၊ ကျွန်တော့် မိဘများဆုံးစဉ်တည်းက Minnie မိဘများက သူတို့ဆီတွင် ခေါ်ထားပြီး အိမ်၏ မြေအောက်ခန်းတွင် ကျွန်တော့် အတွက်အခန်းတစ်ခန်း လုပ်ပေးထားသည်လေ၊၊ ကျဉ်းမြောင်းတယ်ဆိုပေမယ့် arjimar ၏ အိမ်ထောင်ထိန်းသိမ်းမူကြောင့် အခန်းက မြေအောက်ထပ်ဆိုပေမယ့် နေချင်စဖွယ်ပင်,,, တစ်ခါတစ်လေ အပြင်မှ ပင်ပန်းလို့ အခန်းထဲပြန်ရောက်ရင် ခံစားရသည့် နွေးထွေးလုံခြုံမူက ကျွန်တော့်ဘဝရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပင်၊၊ Minnie ရဲ့ မိသားစုက ကျွန်တော့် ရဲ့ မိသားစုပင်မဟုတ်လား၊၊ မိသားစုဆိုတာ တစ်ဦးကိုတစ်ဦးကာကွယ်ပေးရမည်မို့လား၊၊

အခန်းတံခါးဝတွင် လာရောက်ရပ်ကြည့်နေသည့် အငယ်နှစ်ကောင်ကို ကျွန်တော် နွမ်းလျစွာ ပြုံးပြလိုက်သည်၊၊ သူတို့လည်း ကျွန်တော့် အခု jung yunho အိမ်သွားနေမည်ကို သိသော်လည်း အသေးစိတ်တော့ မသိချေ၊၊ ဒီနေ့ Minnie ပြန်လာမည်ကို သိသော်လည်း Minnie အလာကို မစောင့်တော့ပါ၊၊ အခုချိန်မှာ ကျွန်တော် အတွေ့ချင်ဆုံးက Minnie ဆိုပေမယ့် ကျွန်တော် မတွေ့ချင်ဆုံးကလည်း Minnie ပင်ဖြစ်သည်၊၊ ကျွန်တော့် ဆုံးဖြတ်ချက်အတွက် Minnie စိတ်ဆိုးနေလိမ့်မည်ကို သိသော်လည်း ကျွန်တော် ဆုံးဖြတ်ချက်ကို ပြင်ဖို့စိတ်မကူးပါ၊၊ ဒါက Minnie အတွက် ကျွန်တော့်ရဲ့ ပထမဆုံးပေးဆပ်မူပင် မဟုတ်လား၊၊ ပေးဆပ်မူက ကြီးမားလှသည် ဆိုပေမယ့် ကျွန်တော် ချစ်သည့် Minnie အတွက်မို့လား,,, ကျွန်တော့်ကို ချစ်သည့် Minnie အတွက်ပင်မို့လား၊၊ တန်ပါတယ် Minnie ရေ၊၊

ကျွန်တော် အခန်းအတွင်း ပစ္စည်းများကို သေချာသိမ်းဆည်းပြီး အိမ်ပေါ်ထပ်သို့ တက်လာသည်၊၊ မနေ့က သူက ကျွန်တော့်ကို ဘာမှ ယူမလာခဲ့နဲ့လို့ ပြောထားသည်မို့လား၊၊ အခုကျွန်တော့်ဆီမှာ အဝတ်အစားတစ်ခုဝတ်ပြီး ထွက်လာခဲ့သည်လေ၊၊ ဧည့်ခန်းထဲရောက်တော့ arjimar ရှိသည့် အခန်းဘက်သို့ တစ်ချက်ကြည့်ကာ

နတ်ဆိုးWhere stories live. Discover now