နတ်ဆိုး

10.3K 553 27
                                    

အပိုင်း-၁၁

××××××

ကျွန်တော့် နှဖူးပေါ် ကျရောက်လာသည့် ခပ်နွေးနွေးထိခတ်မူ ခံစားချက် နှင့် ခပ်သင်းသင်း ကိုယ်သင်းရနံကြောင့် ကျွန်တော် မှိတ်ထားသည့် မျက်လုံးကို ဖြေးညင်းစွာ ဖွင့်ကြည့်လိုက်သည်,,,,

'' sorry, ,,, နိုးသွားပြီလား ,,,,''

ကုတင်ပေါ် အိပ်နေသော ကျွန်တော့် ဘေးတွင် ခပ်စောင်းစောင်း လှဲနေသည့် minnie ရဲ့ အပြုံးကို မြင်တော့ ကျွန်တော် နိုးတစ်ဝတ်အိပ်တစ်ဝတ် ခပ်ဝါးဝါး မြင်ကွင်းကြားမှ ခပ်ဖြေးဖြေး ပြုံးလိုက်သည်,,, Minnie က လှဲနေလျှက် ကျွန်တော့် နှဖူးပေါ်ရှိ ဆံနွယ်ပျော့လေးများကို လက်ဖြင့် တယုတယ သပ်တင်ပေးကာ ,,, ရုတ်တရက် ကျွန်တော့် မေးစေ့လေးကို သွားဖြင့် ခပ်ဖွဖွကိုက်လိုက်တော့,,,

'' အ့!!,,''

ကျွန်တော် စစ်ခနဲ့ နာကျင်မူဖြင့် အော်လိုက်တော့ Minnie က ကျွန်တော့်ကို ကြည့်ကာ အသံတိတ်ရီနေသည်လေ, ,,, ကျွန်တော် ရီနေသည့် Minnie မျက်ဝန်းကို ကြည့်ကာ ,,,,

'' ဘာလုပ်တာလဲ,,,''

ကျွန်တော့် မေးငေါ့ကာ ခပ်စက်စက် မေးတော့ Minnie က ကျွန်တော့် မေးဖျားကို ကိုင်ကာ ,,, အသည်းယားနေသည့် မျက်ဝန်းဖြင့်,,,

'' အိပ်မက်လို့ထင်လို့ စမ်းကြည့်တာ ,,,''

'' ဘာ!,,''

ကျွန်တော် အောက်နုတ်ခမ်းကို ကိုက်ကာ ကျွန်တော့် ခါးကို ဖက်ထားသည့် Minnie လက်ကို တွန်းဖယ်ပြီး ,,,

'' စမ်းချင်ရင် မင်း လက်မင်းကိုက်ပါလားလို့,,, ပါပီလေးလား,,, ငါ့ ကို လာကိုက်နေတာ ,,,''

ကျွန်တော် ပြောပြီး ကုတင်ပေါ် လှဲအိပ်နေရာမှ ထရန် ကြိုးစားလိုက်သည်,,,

'' အင်း ငါက မင်းရဲ့ ပါပီလေးပဲ,, ပါပီလေးပဲလေ သိဘူးလား,,,''

ပြောပြီး Minnie က လှဲနေရာမှ ထရန်ပြင်နေသည့် ကျွန်တော့် ခါးကို သိုင်းဖက်ကာ ကျွန်တော့် ရင်ခွင်ထဲ ခေါင်းလေး လှုပ်ကာ တိုးဝင်နေတော့ ကျွန်တော် ပြန်လှဲကျသွားသည်,,, ကြည့်စမ်း,,, အသံလေးက ပါပီလေးလို ချစ်စရာကောင်းအောင် လုပ်နေတာများ,,, အသည်းယားစရာ,,, Minnie ရုပ်ရှင်ရိုက်ရင်း သရုပ်ဆောင်နည်း တော်တော်များများ တတ်မြောက်လာသည်ထင်,,, အခုလို Minnie ချွဲနွဲ့တတ်မှန်း ကျွန်တော်မသိခဲ့,,, ကျွန်တော် Minnie အပြုအမူကို ကြည့်ပြီး စိတ်ထဲ ပျော်ရွှင်လာသလို ခံစားရကာ ကျွန်တော့် ရင်ခွင်ထဲ အတင်းတိုးဝင်နေသည့် Minnie ဆံပင်လေးကို ခပ်ဖွဖွ ထိကိုင်ကာ,,,

နတ်ဆိုးWhere stories live. Discover now