နတ်ဆိုး

10.2K 589 21
                                    

အပိုင်း-၈

×××××

'' တီတောင်!!!,,, တီတောင်!!!''

'' တီတောင်!!!,,, တီတောင်!!!''

အခန်းတခါး ဘဲလ်သံကြောင့် ကျွန်တော် မျက်လုံးကို အားယူ ဖွင့်လိုက်သည်,,, အား!,,,, ခေါင်းတစ်ခုလုံးနောက်ကျိနေသလို,,,ညက ကျွန်တော် ငိုထားမိလို့လား,,, ကျွန်တော် ကုတင်ပေါ်အိပ်နေရင်း ကျွန်တော့်ကို ရင်ခွင်ထဲထည့်ကာ အိပ်ပျော်နေသည့် သူ့ကို တစ်ချက်ကြည့်လိုက်,,, သူ အိပ်နေတုန်းလား,,, ကျွန်တော့်ကို ပွေ့ဖက်ထားသည့် သူ့လက်ကို ဖယ်ပြီး ကျွန်တော် သူ့ရင်ခွင်ထဲမှ ထဖို့ ကြိုးစားလိုက်သည်,,, hotel ဝန်ထမ်းတွေလား,,, ဝန်ဆောင်မူအတွက် အခန်းတခါးလာခေါက်တာလား,,,,, ဒီအချိန် ကြီး,,, ကုတင်ပေါ်မှ ထရင်း ခေါင်းအုံးဘေးက နာရီကို ကြည့်လိုက်တော့ ,,, မနက်တောင် 8နာရီခွဲနေပြီ,,, ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာပဲ,,, ကုတင်ပေါ်မှ ထရန် ခါးပေါ်လွှမ်းခြုံထားသည့် စောင်ကို ဖယ်ရန် ပြင်လိုက်စဉ်,,,

ရုတ်တရက် ကျွန်တော့် ခါးကို ဆွဲဖက်ပြီး သူက ကျွန်တော့် အပေါ်အုပ်မိုး လိုက်တော့,,, ကျွန်တော် သူ့ လုပ်ရပ်ကို ကြောင်ငေးနေမိသည်,,, သူ နိုးနေတာလား,,, ဘယ်ချိန်တည်းက နိုးနေတာလဲ,,, အပြင်ဘက်က အခန်းတခါးသံကလည်း နောပ်တစ်ကြိမ်ပြန် မြည်လာပြန်သည်,,,

'' အိပ်ရေးပျက်နေတာမို့လား အိပ်နေ, ,, ငါ သွားဖွင့်မယ်,,,''

ပြောပြီး ကျွန်တော့် နုဖူးကို တစ်ချက်နမ်းကာ ကုတင်ပေါ်မှ ဆင်းပြီး ညဝတ်အင်္ကျီတစ်ထည်ကို ဘီရိုထဲမှာ ထုတ်ဝတ်ကာ အခန်းထဲမှ ထွက်သွားသည့် သူ့နောက်ကျောကို ကျွန်တော် ကြောင်ကြည့်နေမိသည်,,, စိတ်ထဲ သူ့ရဲ့ ရုတ်တရက် ထူးဆန်းနေသည့် အပြုအမူကြောင့် ရှုပ်ထွေးနေပေမယ့် နှလုံးထဲတော့ ခပ်နွေးနွေးခံစားချက်ကြောင့် အလိုလို နုတ်ခမ်းကို ပြုံးလိုက်သည်,,, ပြီးတော့ ရင်ခုန်လှိုက်မောနေမူကို မြိုသိပ်ရန် ခါးပေါ်ရှိစောင်ကို ခေါင်းပေါ်ဆွဲခြုံလိုက်ကာ ဘေးသို့ စောင်းအိပ်လိုက်သည်,,, မျက်လုံးကို မှိတ်ထားကာ အနားယူရန်ကြိုးစားနေမိသည်,,, အခန်းထဲမှာတော့ yunho, ,,,သူ သောင်းကျန်းထားသည့် အရက်ပုလင်းများရဲ့ အနံအသက်က ခေါင်းကို လုံအောင်ခြုံထားသည့် ကျွန်တော့် နှခေါင်းထဲကို တစ်ချက်တစ်ချက် စူးခနဲ ဝင်ရောက်လာသည်,,, ခဏအကြာတော့ အခန်းထဲဝင်လာသည့် ခြေသံကို ကြားနေရသည်,,,, သူ ပြန်လာပြီလား,,,, သူရော ထပ်အိပ်ဦးမလို့လား,,,, ခြေသံက ကျွန်တော်ရှိရာ ကုတင်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်တန့်သွားသလို,,,, သူ မဟုတ်ဘူးလား,,,, မဖြစ်နိုင်တာ အခန်းထဲထိတော့ ဝန်ထမ်းများကို သူ ဝင်ခိုင်းမှာ မဟုတ်,,,, ကျွန်တော် ရှိနေသည်ကို သိနေလျှက်နဲ့တော့ သူ မဝင်ခိုင်းလောက်ပါ,,,,, ဒါပေမယ့် ခြေသံက သူ ခြေသံမဟုတ်သလိုပင်,,,, ညင်သာလွန်းနေသည်မို့လား,,, စောင်ကို ခေါင်းခြုံပြီး ကျွန်တော် အတွေးများနှင့် ချာချာလည်နေကာ မျက်မှောက်ကျုပ်ပြီး အဖြေကို သဲကွဲစွာ သိရန်အတွက် မျက်နှာပေါ်က စောင်ကို ဆွဲခွာရန် ပြင်လိုက်စဉ်,,,,

နတ်ဆိုးWhere stories live. Discover now