နတ်ဆိုး

8.2K 543 27
                                    

အပိုင်း-၁၂

*******

'' မင်း ခဏတော့ နားပါဦး,,,''

ကျွန်တော့် ရှေ့ပိတ်ရပ်ကာ ပြောလိုက်သည့် junsu စကားကြောင့် ကျွန်တော့် ခြေလှမ်းတွေ ရပ်တန့်သွားသည်,,,ကျွန်တော် ဘာမှ မပြောပဲ အရှေ့တွင် ရပ်နေသည့် junsu ကို ရှောင်ကာ လက်ထဲမှ ကိုင်ထားသည့် ကြီးမားသည့် ပုံးကို မကာ သွားလိုက်သည်,,,

'' joongie, ,,''

စိတ်မရှည်သည့် junsu ရဲ့ စကားသံအဆုံး,,, ကျွန်တော့် လက်ထဲမှ ကြီးမားသည့် ပုံးကို ဆွဲယူကာ ,,,, ခပ်လှမ်းလှမ်းက ဆိုင်ဝန်ထမ်းကို လှမ်းကြည့်ပြီး,,,

'' ဒီပုံးကို စတိုခန်းထဲ ပို့လိုက်,,,''

Junsu လက်ထဲက ပုံးကို ဝန်ထမ်းကောင်လေးက ယူလိုက်သည်နှင့် တပြိုင်နက် junsu က ကျွန်တော့်လက်ကို ဆွဲကာ ဆိုင်အတွင်းခန်းမှ ခေါ်လာပြီး စားပွဲဝိုင်းတစ်ခုတွင် ဝင်ထိုင်ခိုင်းလိုက်သည်,,, ပြီးတော့ ကျွန်တော်နှင့် မျက်နာချင်းဆိုင်တွင် ထိုင်ကာ,,, ကျွန်တော့်ကို စိုက်ကြည့်နေသည့် junsu အကြည့်ကြောင့် ကျွန်တော် မျက်နာလွဲကာ မှန်မှတဆင့် မြင်ရသည့် ကားလမ်းမကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်,,,,

'' မင်း တို့ နှစ်ယောက်ကြောင့် ငါတော့ စိတ်ညစ်ပါတယ်,,,''

Junsu ဆီက ငြီးတွားသံလိုလို,,, ငြီးငြူသံလိုလို,,, ဒါပေမယ့် junsu စကားသံက စိတ်ပျက်မူတွေပါဝင်နေသည်,,, ကျွန်တော် ပင့်သက်တစ်ချက် ချလိုက်ပြီး စားပွဲပေါ်လက်ထောက်ကာ အနည်းငယ် ရှည်လျားနေသည့် ကျွန်တော့်ရဲ့ အရှေ့ ဆံပင်များကို အနောက်သို့ သိမ်းယူလိုက်သည်,,, အခုထိတော့ ကျွန်တော့်ဆီမှာ junsu ကို ပြောပြစရာ စကားလုံးတွေ မရှိသေး,,, ထို့အတူ minnie ကို ရှင်းပြစရာ ခံစားမူတွေကလည်း ပျောက်ဆုံးနေဆဲ,,, အခုချိန်ထိ ကျွန်တော် ဦးတည်ချက်က လမ်းပျောက်နေသလိုပင်,,, Minnie အိမ်က ထွက်သွားသည့် ညကစပြီး ကျွန်တော် အလုပ်တွေသာ မနားမနေဖိလုပ်နေမိသည်,,,, junsu ဆိုင်တွင်လည်း အသေးအမွားအလုပ်များက အစ ကျွန်တော် မနားမနေလုပ်နေမိသည်,,, ကျွန်တော့် ရဲ့ ဖြစ်ပျက်နေသည့် ပုံစံကို junsu မြင်တွေ့နေရတာ အဆင်မပြေဘူးထင်,,,ဟုတ်မှာပါ ကျွန်တော်က အရူးတစ်ယောက်လို ဖြစ်နေတာကို,,,, ကျွန်တော် ရူးခဲ့တာကိုး,,,, မိုက်မဲခဲ့တာကိုး,,,

နတ်ဆိုးWhere stories live. Discover now