နတ်ဆိုး

10.5K 636 13
                                    

အပိုင်း - ၎

*********

'' ဆင်း,''

ကားတခါးကို ဖွင့်ပြီး ပြောလိုက်သည့် သူ့စကားကြောင့် ကျွန်တော် စိတ်မပါစွာ ကားပေါ်မှ ဆင်းလိုက်သည်,,, ကားပေါ်က ဆင်းပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ ဘယ်နေရာကို ခေါ်လာသည်လဲ,,,, ဘာလုပ်ဖို့လဲ ဆိုတာ မပြောပဲ စိတ်ထဲက အလိုလိုသိလိုက်သည်,,,, သူ ကျွန်တော့်ကို ကုန်တိုက်ကိုခေါ်လာတာပဲ,,, ဒီည ဧည့်ခံပွဲတစ်ခုရှိသည်လို့တော့ ဟိုနေ့ညက သူဖုန်းပြောရင်း ကျွန်တော် ကြားလိုက်ရသည်,,, သေချာပြီ သူကျွန်တော့်ကို ဧည့်ခံပွဲခေါ်သွားတော့မည်,,, ဒီကုန်တိုက်မှာ ကျွန်တော့်ကို သူ့စိတ်ကြိုက်ပြင်ဆင်ပြီးပေါ့,,, ကျွန်တော် သူ့ဆီရောက်တာ 1လပင်ပြည့်တော့မည်,,, ထိုအချိန်အတွင်း သူ့ သူငယ်ချင်းများနှင့် သူ့ ဝန်ထမ်းများနှင့် သူ့ပတ်ဝန်းကျင်က ဘာပွဲလုပ်လုပ်ခေါ်သွားသည် မိတ်ဆက်ပေးသည်,,, ကျွန်တော့်ကို သူ့ရဲ့ လူပါဆိုပြီး မိတ်ဆက်ပေးသည်,,, အံ့သြော်စရာကောင်းသည်က သူ့လူဆိုသည့် သူ့စကားအဓိပ္ပါယ်ကို ကျွန်တော်လည်း နားမလည်သလို သူ့ပတ်ဝန်းကျင်ကလည်း နားမလည် ဒါပေမယ့် ဘယ်သူမှလည်း သူ့ကို မမေးကြ, ,,,, သူက သူ့အပေါင်းအသင်း,,, သူ့ပတ်ဝန်းကျင်တွင် သြောဇာသက်ရောက်လွန်းသည်,,, သူက ဒါဆိုရင် မည်သူမှ ဘာမှ ကောင်းသည်ဆိုးသည် ပြန်မပြောပေ, ,,,,

ကျွန်တော် သူနောက်က လိုက်လာတော့ ကုန်တိုက်ထဲရှိ ဝန်ထမ်းများက အားလုံး ခေါင်းငုံ့အရိုအသေပေးကြသည်,,, အားလုံးရဲ့ အကြည့်ကတော့ ကျွန်တော်ဆီ စုပုံကျရောက်နေမည်ဆိုတာ ကျွန်တော် ဧကန်ပြောရဲသည်,,, ဒီကုန်တိုက်ကို jung yunho ပိုင်သည်ဟုတော့ သိထားသည်,,, ဒီကုန်တိုက်အပြင် အခြားလုပ်ငန်းအများအပြားလည်း သူလုပ်ကိုင်သည်လို့တော့ ကြားနေရသည်,,, သူက အပြင်လောကတွင်သာမက စီးပွားရေးနယ်ပယ်တွင်လည်း .vampire လို့ နာမည်ကြီးသူပင်,,, သူ့အကျိုးအတွက်ဆို မည်သူ့ မျက်နှာကိုမှ မထောက်ထားတတ်သူပင်,,, မည်သူ့ကိုမှ ခေါင်းငုံ့နေသည့် သူမျိုးမဟုတ်ပါ,,,, လောကမှ ငွေက ဒုတိယဘုရားသခင်ဆိုရင် jung yunho ဆိုသူက ထိုဒုတိယဘုရားသခင်ကို ပိုင်ဆိုင်သည့် လူမျိုးပင်,,,

နတ်ဆိုးWhere stories live. Discover now