UL Intro

475 22 3
                                    

Uni

လင်းစက် အရမ်းစိတ်လှုပ်ရှားနေမိသည်...
ဒီနေ့ကမောင်နဲ့သူ့ရဲ့မင်္ဂလာနေ့ရက်လေး...

သူတို့နှစ်ယောက်ဒီလိုနေ့လေးရောက်လာဖို့ကိုအရမ်းမျှော်လင့်နေခဲ့ရသည်....
ဒီကြားထဲပြဿနာတွေအခက်အခဲတွေကြုံတွေ့ခဲ့ရပေမယ့်အခုတော့အရာအားလုံးအဆုံးသတ်သွားပြီ...

မောင်နဲ့သူနဲ့အမြဲတမ်းမခွဲဘဲအတူတူနေရတော့မည်...ပြီးရင်သားသားမီးမီးလေးတွေအများကြီးမွေးလို့သူတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင်နေကြမည်...
အတွေးနဲ့တင်စိတ်လှုပ်ရှားလာမိတာကြောင့်ဖုန်းကိုယူလိုက်ကာမောင့်ကိုmessageလှမ်းပို့လိုက်သည်....

📩အရမ်းစိတ်လှုပ်ရှားနေပြီလားမောင်📩

📩ကိုကိုတော့အရမ်းကိုပျော်ပြီးစိတ်လှုပ်ရှားနေမိတယ်..📩

လင်းစက်သူပို့တဲ့စာတွေကိုseenပြပေမယ့်ပြန်စာမလာတဲ့မောင့်ကြောင့်မောင်လည်းသူ့လိုအရမ်းစိတ်လှုပ်ရှားပြီးဘာပြန်ပို့ရမလဲမသိတာကြောင့်လို့တွေးလိုက်မိသည်....

📩အဲ့ဆိုဒါဘဲနော်မောင်...ကိုကိုတို့မကြာခင်လာတော့မှာမို့ကိုကို့ရဲ့သတို့သားလေးကစောင့်နေပေးနော်📩

လင်းစက်ပို့ပြီးတာနဲ့ဖုန်းကိုချလိုက်ကာအခုန်မြန်နေတဲ့သူ့ရင်ဘတ်ကိုလက်နဲ့ဖိထားမိသည်....

”လင်းစက်...အရမ်းစိတ်လှုပ်ရှားနေလား...”

လင်းစက်တစ်ယောက်ထဲရှိနေတုန်းသူရှိရာအခန်းထဲဝင်လာကြတဲ့သူ့သူငယ်ချင်းသုံးယောက်...

ခန့်မင်း....ကောင်းထက်နဲ့
ကောင်းခန့်...

”စိတ်မလှုပ်ရှားဘဲနေမလား... ကောင်းထက်..ငါ့ဘဝရဲ့အချစ်ဆုံးတစ်ဦးတည်းသောမောင်နဲ့လက်ထပ်ရတော့မှာကို....”

”ဟား...သိပါတယ်ကွာမင်း မျိုးခေတ် ကိုအရမ်းချစ်မှန်း...အဲ့လောက်ကြီးဖြစ်ပြမနေပါနဲ့...မကြာခင်ဘဲမင်းယောက်ျားဖြစ်တော့မှာကို...”

လင်းစက်  ခန့်မင်းရဲ့အပြောကြောင့်ရယ်လိုက်မိသည်....

”ဟီး...မင်းတို့ကလည်းကွာငါကမောင့်ကိုအရမ်းချစ်တာကိုးကွ....”

UNSTOPPABLE LOVE {Ongoing}Where stories live. Discover now