1🌷

233 17 1
                                    

Uni

လွန်ခဲ့သော တစ်လခန့်ကဖြစ်သည်။
၉လပိုင်း ၁၂ရက်နေ့ မနက် ၈နာရီ ၃၂မိနစ်
နံနက်စောစောတွင်ဖြစ်သည်

မျိုးခေတ် သူ့ဘေးမှာအခုထိအိပ်ပျော်နေဆဲဖြစ်တဲ့ ကိုကို့ကိုကြည့်နေမိသည်....
အခုထိမထသေးတဲ့‌ ကိုကို့ကိုစချင်တာကြောင့် ကိုကို့ရဲ့နား အနားကိုတိုးကပ်ကာလေမှုတ်လိုက်သည်...

ကိုကို ကအိပ်ချင်မူးတူးအသံဖြင့်နိုးလာပြီးနောက်စောင်ပုံထဲ​​​ပြန်ဝင်ကာအိပ်သွားတော့သည်....

"အင်းးးးး အိပ်ချင်သေးတယ်...."

"အဟက်...."

ကိုကို့ရဲ့ချစ်စရာပုံလေးကြောင့်
မျိုးခေတ် တစ်ချက်ရယ်လိုက်ပြီးနောက်ဖုန်းရဲ့ကင်မရာကိုဖွင့်ကာကုတင်ဘေးရှိPhone standပေါ်တင်လိုက်သည်...ပြီးတာနဲ့ကိုကို့ကိုဖက်လိုက်ကာ...

"ကိုကို...မောင့်ချစ်သော...."

"ဘာလဲ....:"

လင်းစက် သူ့ကိုအတင်းနှိုးနေတဲ့မောင်ကြောင့်ဒေါသထွက်စွာစောင်ကိုဖယ်လို့ပြန်ထူးမိသည်....
ဒါပေမယ့်မောင့်လက်ထဲကတစ်စုံတစ်ခုကိုမြင်လိုက်တဲ့အခါမှာတော့သူ့မျက်နှာမှာထိန်းမရအောင်အပြုံးတို့ဖြစ်ထွန်းလာရတော့သည်

ဒါပေမယ့်ပြုံးစိစိဖြစ်နေမယ့်သူ့မျက်နှာကိုပြန်ထိန်းလိုက်ကာ...

"အဟမ်း...ဘာလဲမောင်...."

မျိုးခေတ်သူ့လက်ထဲကလက်စွပ်ဘူးကိုတွေ့တာနဲ့လေသံပါပြောင်းသွားတဲ့သူကြောင့်သူအသံထွက်ရယ်လိုက်သည်...

"အဟား... ကိုကိုရာလေသံတွေတောင်ပြောင်းလို့...."

"အဲ့ဒါဘာလုပ်ဖို့လဲ...."

"လက်ထပ်ကြရအောင်....."

"ဟမ်....ဘာပြောလိုက်တာ "

"မောင်တို့လက်ထပ်ကြရအောင်လို့...."

"သေချာမကြားလိုက်လို့ဘာပြောတာ...."

မျိုးခေတ် သူ့ကိုစနေတဲ့ ကိုကို့ ကြောင့်သူလည်းပြန်စဖို့တွေးလိုက်သည်....

"ဘာမှမဟုတ်တော့ဘူးကိုကို...မကြားရင်လည်းမကြားသလိုထားလိုက်တော့...."

UNSTOPPABLE LOVE {Ongoing}Where stories live. Discover now