5🌷

57 5 0
                                    

Uni

ယွန်းလဲ့ နဒီနဲ့ချိန်းထား‌ ပေမယ့်အချိန်အတော်ကြာစောင့်ပီးတဲ့ထိမရောက်လာသေးတာကြောင့်ဖုန်းဆက်ကြည့်တော့လည်းစက်ပိတ်ထားသည်ဟူသောဖုန်းကြောင့်အစ်ကိုလင်းဆီဘဲဆက်လိုက်တော့သည်....

လင်းကို တစ်ယောက်ထဲတီဗွီကြည့်နေရင်းအသံမြည်လာသောဖုန်းကြောင့်ကြည့်လိုက်တော့ယွန်းလဲ့ဖြစ်နေတာကြောင့်နည်းနည်းတော့စိတ်ပူသွားမိပေမယ့်သံသယမဝင်စေဖို့ကိုင်လိုက်တော့သည်...

”ဟဲလို....”

”အစ်ကိုလင်း နှောင့်ယှက်လိုက်ရတာတောင်းပန်ပါတယ်...နဒီ့ကိုဆက်သွယ်လို့မရလို့ပါ....”

”သူက တရားသွားထိုင်နေတယ်....
ယွန်းလဲ့ဘာကိစ္စရှိလို့လဲ....”

”ဒီနေ့ နဒီကဒေါက်တာနဲ့ချိန်းထားလို့...ဒီတစ်ခေါက်က ယွန်းလဲ့ကိုအဖော်လိုက်ပေးဖို့ခေါ်ထားလို့ပါ.....”

”သူဒေါက်တာနဲ့ချိန်းထားတယ်ဟုတ်လား...
ဒါဆို....ဒါဘဲနော်...ကျွန်တော်အစည်းအဝေးလေးရှိသေးလို့....ကျွန်တော် နေပြည်တော်ကိုအလုပ်ကိစ္စနဲ့ရောက်နေလို့ပါကျေးဇူးတင်ပါတယ်...”

”ဘာကိုပြောတာလဲ.....”

ဆက်ပြောလာမည့်စကားတွေကိုမကြားချင်တော့တာကြောင့် လင်းကိုဖုန်းကိုချပစ်လိုက်တော့သည်....

”ဇယားရှုပ်လိုက်တာ....သေပြီးတာတောင်ငါ့ကိုဒုက္ခပေးနေတုန်းဘဲမင်း.....”

>>>>>>

လင်းစက် မောင်နဲ့အတူညစာစားဖို့ပြင်ဆင်နေခြင်းဖြစ်သည်...
မောင်ကဖုန်းကိုကြည့်နေရင်းမှစကားစလာသည်....

”အစ်မနဒီ လိုင်းလည်းလုံးဝမတတ်ဘူး...စာလည်းမပြန်ဘူး....”

”တရားစခန်းမှာဖုန်းမကိုင်ခိုင်းတာလဲဖြစ်နိုင်တယ်လေ....”

”ဘာတွေတွေးနေပါလိမ့်....တကယ်တော့စိတ်ရှုပ်ထွေးနေတဲ့သူတွေကတရားထိုင်ဖို့မသွားသင့်ဘူး...အဲ့ဒါကပိုပြီးအတွေးများစေတယ်...ဒီကိစ္စကို အစ်မနဒီကိုယ်တိုင်ပြောဖူးတာ...”
(ဒီအကြောင်းအရာသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်)

UNSTOPPABLE LOVE {Ongoing}Where stories live. Discover now