2🌷

106 9 0
                                    

Uni

ဝင့်နဒီ ဖုန်းထဲမှသူနဲ့ မာန်လေး ရိုက်ထားတဲ့ပုံလေးများကိုကြည့်ကာပြုံးနေမိသည်...
မျက်လုံးမှကျနေတဲ့မျက်ရည်တွေကိုလျစ်လျူရှုပြီး....

ခြံထဲသို့ကားဝင်လာတဲ့အသံကြားလိုက်ရပြီးနောက်အိမ်တံခါးဖွင့်လို့လူဝင်လာသံကြားလိုက်ရတာကြောင့်မျက်ရည်တွေကိုအမြန်သုတ်မိသည်....

ဝင်လာသူကတော့ လင်းကိုဦး...

"ဒီနေ့အစောကြီးပြန်လာတယ်နော်...."

"ဒါနဲ့စားဖို့တစ်ခုခုပြင်ထားသေးလား..."

"အခုတလောရှင်အိမ်ပြန်စားတာရှားတယ်လေ..."

"ဘာသဘောနဲ့ပြောတာလဲ...."

"ဒီနေ့ မာန်လေးနဲ့စကားပြောလာတယ် မာန်လေးပြောတာတော့ လင်းစက်ကအိမ်ကိုလိုက်လာနေမယ်တဲ့..."

"မင်းရဲ့မောင် ကာကွယ်တတ်ပါစေလို့မျှော်လင့်တယ်..."

"တို့မိသားစုကကလေးတွေကိုလက်မခံတတ်ပါဘူး...ဘယ်လောက်ဘဲလိုအပ်နေပါစေ..."

"ကျေးဇူးဘဲ..."

ပြောပြီးတာနဲ့နက်ကတိုင်ကိုချွတ်ကာအခန်းထဲလှမ်းဝင်သွားတဲ့သူကြောင့်စကားစပြတ်သွားရတော့သည်....
>>>>>>
လင်းစက်အခုမောင်နှင့်အတူမီးဖိုချောင်တွင်ဟင်းအတူချက်နေခြင်းဖြစ်သည်...

မျိုးခေတ် ဟင်းအနှစ်အိုးကိုမွှေလိုက်ရင်းစကားစပြောလိုက်သည်.....

"ဒီနေ့ ကိုဦးနဲ့ဆုံဖြစ်တယ်...-"

"ဟုတ်လား... ငါတို့နှစ်ယောက်ကိစ္စပြောပြလိုက်ပြီလား...."

"ဘာကိစ္စကိုပြောတာလဲ..."

လင်းစက်မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး

"သေချင်လို့လား..."

မျိုးခေတ် ကိုကိုပြောလာတဲ့စကားကြောင့်ရယ်လိုက်ကာ...

"မပြောရသေးဘူးဗျာ မင်းကိုယ်တိုင်သွားပြောတာလိုချင်လို့....တစ်ကယ်လို့ ကိုယ်တစ်ခုခုရုတ်တရပ်မဟုတ်တာပြောမိလို့ ကိုဦး လန့်ပြီးသေသွားရင်ဘယ်လိုလုပ်မလဲ....ဒါပေမယ့်ကိုယ်တို့တွေကပြောရမယ်ဆိုရင်အမျိုးတွေဘဲလေနော်..."

UNSTOPPABLE LOVE {Ongoing}On viuen les histories. Descobreix ara