8🌷

13 2 0
                                    

Unicode

📩မောင် ဘယ်မှာလဲ📩

📩သတိရတယ်📩

လင်းစက်အစ်ကိုနဲ့အတူထမင်းစားရင်းမောင့်ကိုမက်ဆေ့ခ်ျပို့ဟန်ပြင်ပီးမှမပို့ဖြစ်တော့ပေ။
ပီးနောက်ဖုန်းကိုချလိုက်တာမျက်နှာချင်းဆိုင်မှအစ်ကို့ကိုစကားစလိုက်သည်။

"အစ်ကို လင်းစက် မောင့်အစားတောင်းပန်ပါတယ်နော် အစ်ကို့အပေါ်လုပ်သွားတဲ့အပြုအမူတွေအတွက်..."

"ရပါတယ်..."

"အစ်ကို့မှာ မယားငယ်ရှိတယ်လို့ဘယ်လိုလို့စဉ်းစားရက်ရတာလဲနော်...
ဒါနဲ့ အဲ့ဒီ့တစ်ယောက်နဲ့အစ်ကိုကဘာမှမဟုတ်ကြဘူးမို့လား..."

"သူနဲ့က သူကဟော်တယ်မှာအလုပ်လာလုပ်တုန်းကသိရုံလောက်ပါဘဲ..."

"ဟုတ်..."

ထမင်းစားနေတုန်းမှာတင် မြည်လာတဲ့အစ်ကိုဦးရဲ့ဖုန်းသံ

"မင်္ဂလာပါဗျ လင်းကိုဦးပြောနေပါတယ် ဘာကိစ္စရှိလို့လဲမသိဘူးဗျ....100 Million !!! နဒီကဘဏ်အကောင့်ထဲမှာစုငွေအဲ့လောက်တောင်ရှိနေတာလားဗျ...
ဘာစာရွက်စာတမ်းတွေပြင်ဆင်လာရမလဲဗျ...ဟုတ်ကဲ့ကျွန်တော်ပို့ပေးလိုက်ပါမယ်"

လင်းကို ဖုန်းချပီးတာနဲ့လင်းစက်ကိုစကားစလိုက်သည်။

"ဒီညအစ်ကိုအိမ်ကိုပြန်လိုက်မယ်နော်...
နဒီ့အလုပ်ကိစ္စစာရွက်စာတမ်းတွေပြင်ဆင်ဖို့လိုသေးလို့..."

"အွန်း..."

လင်းကိုဦးအခုသူနဲ့နဒီရဲ့အိပ်ခန်းထဲရောက်နေခြင်းဖြစ်သည်။
လိုအပ်တဲ့စာရွက်စာတမ်းတွေကိုရှာနေရင်းမှဖုန်းဝင်လာတာကြောင့်

" ဟေ့...ဘာကိစ္စလဲ"

"အစ်ကိုလင်းရှင့် ဒီနေ့ ရှင့်မိန်းမရဲ့မောင် မျိုးခေတ်မာန်ဦး ယုယကိုအလုပ်ထိလိုက်လာတွေ့တယ်နော်..."

"ဘာလို့လာရတာလဲ.."

"ယုယထင်တာတော့ သူ ယုယတို့အကြောင်းကိုသေချာပေါက်သံသယဝင်နေလောက်တယ်...
ဒီလိုဆိုဘယ်လိုလုပ်ကြမလဲရှင့်..."

"ငါ့အထင်တော့ငါတို့ကိစ္စကိုဒီလောက်နဲ့တင်တော်ကြရအောင်....မဟုတ်ရင်အကုန်ဒုက္ခ‌ရောက်ကုန်လိမ့်မယ်...."

You've reached the end of published parts.

⏰ Last updated: Apr 25 ⏰

Add this story to your Library to get notified about new parts!

UNSTOPPABLE LOVE {Ongoing}Where stories live. Discover now