Ep - 4

2.6K 319 70
                                    

(Unicode)

အဘွားကိုစိတ်တိုနေတဲ့ရှောင်းကျန့်က တစ်ချိန်လူံး စိတ်မကြည်မလင်ဖြစ်နေတော့သည်။

စိတ်မကြည်ပါဘူးဆိုမှ ဝမ်မျိုးရိုးကောင်လေးကို နေရာချထားပေးသည်က ရှောင်းကျန့်နဲ့ ကပ်လျက်အခန်းဆိုတော့ ပြောစရာများပင်ပျောက်ရှသည်အထိ။

အဘွားကို ရှောင်းကျန့် တကယ်မနိုင်ပါ။ နေ့တိုင်း ဒီကောင်လေးမျက်နှာမြင်နေရမှာ သိပ်အဆင်မပြေလှဘူးဟုတွေးမိသည်။

မြေးအရင်းရှိပါလျက်နဲ့ တခြားလူကို ငါ့မြေးဟုခေါ်ပြီး သဲသဲလှုပ်ပြနေမှုကြီးအား ဘယ်လိုစိတ်နဲ့လက်ခံပေးရမလဲ။

ငရဲကြီးချင်လည်းကြီးပါစေတော့ အဘွားက တကယ်အချိုးမပြေတာပဲဟုသာတွေးမိတော့သည်။

အဘွားက ရိပေါ်ကိုခေါ်လာတဲ့ည ရှောင်းကျန့်မှာ ဒေါသထွက်၍ တစ်ညလုံး အိပ်မရပေ။

သို့ပေမယ့် ရှောင်းကျန့်နဲ့ ဆန့်ကျင်ဘက် ရိပေါ်မှာတော့ တခူးခူးတခေါခေါနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။

ရိပေါ်က ဘယ်နေရာရောက်ရောက် အိပ်ပျော်နိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်သည်။

- Pink Memories -

တစ်လလောက်အကြာမှာတော့ ရိပေါ်က ဒီအိမ်မှာ နေသားကျသွားပြီး အိမ်က လူတွေနဲ့ပါရင်းနှီးသွားပြီဖြစ်သည်။

ရိပေါ်က ရှောင်းကျန့်ကိုတွေ့တိုင်း ပြုံးပြပြီးနှုတ်ဆက်ပေမယ့် ရှောင်းကျန့်က မျက်နှာတည်ကြီးနဲ့ အဖက်မလုပ်လေတော့ ရိပေါ်လည်း အရေးတယူနှုတ်ဆက်မနေတော့ပဲ အာရုံထဲက ထုတ်ထားလိုက်တော့သည်။

မပြုံးများ မပြုံးတတ်တာလား ရယ်ကြောများသေနေသလားတော့မသိပါ။ မျက်နှာမြင်လိုက်တ်ိုင်း ဆူပုပ်နေသည်မှာ တလောကလုံးက သူ့လုပ်စာပဲထိုင်စားနေရသလို။

ရှောင်းကျန့်အတွက်လည်း ရိပေါ်က အတော်မျက်စိနောက်စရာဖြစ်နေသည် ။ ဂျင်းဘောင်းဘီအပြဲတွေကို နေ့တိုင်းလိုလိုဝတ်တတ်တဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်မှာ အာရုံနောက်ရသည်။

ရှောင်းကျန့်မှာ ကိုယ်တိုင်လည်းမဝတ်သလိုပေါင်းသင်းနေတဲ့ အသိုင်းအဝိုင်းက မိတ်ဆွေတွေမှာလည်း အဲ့လိုမှမဝတ်ကြပဲ။ လူငယ်ဆိုတာနားလည်ပေမယ့် သူများအိမ်မှာလာနေရင် သူများအိမ်က ဘယ်လိုနေထိုင်ဝတ်စားကြလဲဆိုတာ အနည်းတဲ့အများတော့ သတိထားသင့်တယ်မဟုတ်လား။

Pink MemoriesWhere stories live. Discover now