Ep - 14

1.9K 266 63
                                    

(Unicode)

" တောင်းပန်ပါတယ် ။ ဒီက ညီလေးကို အနှောက်အယှက်ဖြစ်စေခဲ့ပြီ "

ကိုယ်ဝန်ဆောင်အမျိုးသားမှာ နေ့စေ့လစေ့ဖြစ်လို့မွေးချင်တာမဟုတ်ပဲ ရိုးရိုးဗိုက်နာတာဖြစ်ကြောင်းကို အားနာနာဖြင့်ပြော၍ တောင်းပန်လေ၏။

ဘာပဲဖြစ်ဖြစ်တော်ပါသေးသည်။ ခုနက ကမ္ဘာပျက်သလို ယောက်ယက်ခတ်သွားရတာ ခုမှရင်ထဲ အလုံးကြီးကျသွား၏။

" ရပါတယ် ။ ခုနက ကျွန်တော်တော့ တော်တော်လန့်သွားတယ် "

" တကယ် တကယ် တောင်းပန်ပါတယ် "

" မလိုပါဘူး အစ်ကိုကလည်း။  ကိုယ့်ကိုယ်ကိုယ်သာ ကောင်းကောင်းဂရုစိုက်ပါ "

တစ်ဖက်ကလူက ညီလေးဟုခေါ်တာကြောင့် ရိပေါ်လည်း လေးစားသမှုနဲ့ အစ်ကိုလို့ပြန်ခေါ်လိုက်တာဖြစ်သည်။ တစ်ဖက်လူကိုလည်း အကြပ်မရိုက်စေချင်၍ တောင်းပန်စရာမလိုကြောင်းပြောလိုက်၏။ ဒုက္ခရောက်နေတဲ့သူကို ကူညီတာ ဒါ ကိုယ့်အသိစိတ်နဲ့ကိုယ်လုပ်တာပင်။

နာရီကြည့်လိုက်တော့  မနက် ၉ နာရီတောင်ကျော်ပြီမို့ မနက်စာစားချိန်တောင်လွန်သလောက်ဖြစ်နေပြီ။ အိမ်နဲ့ ဆေးရုံနဲ့ကလည်းဝေးတာကြောင့်အနီးအနားက ဆိုင်မှာပဲ တစ်ခုခုဝင်စားဖို့လုပ်လိုက်၏။

" အစ်ကို ဘာစားမလဲ။ ကျွန်တော်က မနက်စာဝင်စားမလို့ "

" ရတယ် ဘာမှမစားတော့ဘူးညီလေး "

" မဟုတ်တာ။ မနက်စာစားချိန်မှာ မနက်စာစားရမှာပေါ့ ကျွန်တော်ဝယ်ကျွေးမယ် "

ရိပေါ်က စေတနာကောင်းသူပီပီ သူဝယ်ကျွေးမယ်လုပ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသားက ငြင်းလိုက်သည်မှာ ပိုက်ဆံမပါတာရော အားနာတာရောကြောင့်ဖြစ်သည်။  ဒီကောင်လေးသူ့ကိုကူညီထားသည်က တကယ် ကျေးဇူးတင်စရာကောင်းသည်။

" ရပါတယ်။ မစား ... "

" မရဘူး။ လာ...."

မစားဘူးဟုငြင်းပေမယ့် ရိပေါ်က ထိုလူ့လက်ကောက်ဝတ်ကိုကိုင်ပြီး ကော်ဖီဆိုင်ထဲခေါ်သွားလိုက်တော့၏။

" ကော်ဖီသောက်လို့တော့မရဘူးထင်တယ် "

" ဟုတ် "

Pink MemoriesWhere stories live. Discover now