Ep - 5

2.4K 296 41
                                    

(Unicode)

သင်တန်းက ပြန်လာတဲ့အချိန်ကစပြီး ရိပေါ်က ရှောင်းကျန့်ကို မတွေ့မိအောင်ရှောင်တော့သည်။

ထိပ်တိုက်တွေ့သည်အခါလည်း မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။ ဒါပေမယ့် ထမင်းလက်ဆုံစားတဲ့အချိန်ကျ မမြင်ချင်ရင်တောင် မြင်နေရတာမျိုးပင်။

ရှောင်းကျန့်ကလည်း ခပ်တန်းတန်းနေသူဖြစ်တာကြောင့် သူတို့ကြားမှာ ဘာစကားမှစပြောစရာမရှိပါ။

ဒါပေမယ့် ရှောင်းကျန့်က ရိပေါ်ကို စကားပြောချင်နေသည်။ ဟိုနေ့က လုပ်ရပ်အပေါ် ကိုယ်ကပဲ လွန်သွားလားဟု ပြန်သုံးသပ်မိသည်။

ဒါကြောင့်ပဲ စကားတစ်ခွန်းစလေ စပြောဖို့ကြိုးစားတော့သည်။ ညနေစာစားပြီး ရိပေါ်က အပေါ်ထပ်တက်သွားရာ ရှောင်းကျန့်လည်း ရိပေါ်နောက်မှလိုက်လာလိုက်သည်။ ထမင်းစားပွဲတွင် အဘွားပဲကျန်နေလေသည်။

" ဝမ်မျိုးရိုး ခဏရပ်ဦး "

ရှောင်းကျန့်က လှမ်းခေါ်ပေမယ့် ရိပေါ်က နောက်ကိုလှည့်မကြည့်အဖက်မလုပ်ပဲ မကြားခင်ယောင်ဆောင်နေလ်ိုက်သည်။

" ဝမ်မျိုးရိုး ငါပြောနေတာကြားလား ရပ်ဦးလို့ "

ဒုန်း !

ရိပေါ်က သူ့အခန်းဆီ ခပ်သွက်သွက်လျှောက်သွားပြီး တံခါးပိတ်ချလ်ိုက်တော့သည်။

" ဒီ ခွေးကလေးနဲ့ကတော့ "

ရှောင်းကျန့်က ပိတ်သွားသောတံခါးရှေ့မှာရပ်လျက် သူ့လက်ဖမိုးသူငုံ့ကြည့်လိုက်သေးသည်။ ဟိုနေ့က အကိုက်ခံထားရတဲ့အရာက ခုဆို ရေးရေးမျှသာကျန်တော့သည်။

အခန်းတံခါးပိတ်ထားတာကြောင့် ရှောင်းကျန့်လည်း သူ့အခန်းဆီသာပြန်လာလိုက်တော့သည်။

ထမင်းစားခန်းက အဘွားမှာတော့ ရှောင်းကျန့်နဲ့ ရိပေါ်ရဲ့ အခြေအနေကို အားလီပြန်ပြောသမျှ နားထောင်နေလေသည်။

- Pink Memories -

နောက်နေ့တွေမှာလည်း ရှောင်းကျန့်က ရိပေါ်ကို စကားပြောကြည့်ဖို့ကြိုးစားသည်။ ရိပေါ်က အနားတောင်အကပ်မခံပေ။ အပြင်ထွက်တိုင်း cargo pants အမည်း ရှပ်အင်္ကျီအမည်း ဦးထုပ်အမည်း mask အမည်းဖြင့်  တစ်ကိုယ်လုံးလုံနေအောင်ထုပ်ထားသည်မှာ လည်ပင်းနှင့်လက်ချောင်းများပဲမြင်ရသည်ကြောင့် ရှောင်းကျန့်မှာ ရိပေါ်ကို မြင်တိုင်း ရယ်ချင်ရသည်။

Pink MemoriesWhere stories live. Discover now