Ep - 16

2K 258 89
                                    

(Unicode)

မနက်စာစားတော့ ထမင်းဝိုင်းမှာ လူတစ်ယောက်ထပ်တိုးလာခဲ့သည်။ ထိုလူမှာ ဝေကျူးဖြစ်၏။ ဝေကျူးက မျက်နှာချင်းဆိုင်က ရိပေါ်ကို သေချာစိုက်ကြည့်ရင်း အကဲခတ်နေမိသည်။

ရိပေါ်က ရှောင်းကျန့်နဲ့ ကပ်လျက်ထိုင်နေတာဖြစ်ကြောင့် နှစ်ယောက်လုံးက်ိုပါ အကဲခတ်နေတာဖြစ်၏။

ဝေကျူးလည်းစဥ်းစားခန်းတွေဖွင့်နေရသည်။ ဒီအစ်ကို့ကို တစ်နေရာမှာ ရင်းရင်းနှီးနှီးကြီးကိုမြင်ဖူးနေသည်။

ဝေကျူးကြည့်နေတာသိတာကြောင့် ရိပေါ်မှာ ခေါင်းငုံ့ပြီး မနက်စာစားနေရင်းက မျက်နှာက ပန်းကန်ထဲကိုနစ်ဝင်သွားတော့မတတ်ဖြစ်နေလေသည်။

အဲဒါကိုသတိထားမိတဲ့ရှောင်းကျန့်က ပေါင်မုန့်ကိုဝါးရင်းနဲ့ ဝေကျူးကို သတိပေးတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေလေ၏။

အရိပ်အကဲနားမလည်တဲ့ ဝေကျူးက ရိပေါ်ကို ဆက်ကြည့်နေဆဲမို့ ရှောင်းကျန့်က ချောင်းတစ်ချက်ဟန့်လိုက်သည်။ ဒါကိုလည်း သဘောမပေါက်တဲ့အတွက် ဝေကျူးခြေထောက်ကို လှမ်းကန်ပြီးမျက်လုံးနဲ့အချက်ပေးလိုက်မှ ဝေကျူးလည်း ပြုံးစိစိနဲ့ သူစားစရာရှိတာငုံ့စားနေလိုက်လေသည်။

ဦးလေးတို့များ သူ့ကောင်လေးကို သဝန်တိုချက် ! နေပါဦး ဒါနဲ့ ဦးလေးနဲ့ ဒီအစ်ကိုက ဘာဘာညာညာတွေလား။

ဒါကိုတော့ အဘွားကိုသေချာမေးကြည့်ရမယ်လို့တွေးထားလိုက်သည်။ ဦးလေးကိုတော့ မမေးရဲ။ မေးလိုက်ရင် စပ်စုလိုက်တာဆိုပြီး ခေါင်းအခေါက်ခံရမှာတော့ သေချာသည်။

ဒါမှမဟုတ် ဒီအစ်ကို့ကိုပဲ မေးလိုက်ရမလား?

မနက်စာစားပြီးတော့ ဝေကျူးက ရိပေါ်ကို စကားပြောဖို့ကြိုးစားသည်။ ရိပေါ် အပေါ်ထပ်ကိုတက်တော့ ဝေကျုးကလည်း ရိပေါ်နောက်ကိုလိုက်ခဲ့၏။

" အစ်ကို အစ်ကို ခဏလေး "

ဝေကျူးခေါ်လိုက်တော့ ရိပေါ်ကလှည့်ကြည့်လာသည်။ တစ်မနက်လုံး သူမရဲ့ အကြည့်စူးစူးတွေကြောင့် ရိပေါ် နေရခက်နေရသည်။ မတတ်သာလို့သာပြုံးပြလိုက်ရပေမယ့် ဒီကောင်မလေးက ရဲတင်းသည်။

Pink MemoriesWhere stories live. Discover now