Ep - 8

2.1K 279 44
                                    

(Unicode)

ယန်မင်ယိရဲ့ ဖိတ်ခေါ်မှုကြောင့် ညနေစာအတူစားဖို့ ယန်မင်ယိတို့ညီအစ်ကိုနဲ့ ရိပေါ်က စားသောက်ဆိုင်တစ်ဆိုင်သို့ဝင်လိုက်ကြသည်။

ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်အပေါ်ဆုံးထပ်က စားသောက်ဆိုင်ဖြစ်ပြီး လူကုံထံအသိုင်းအဝိုင်းကလူများ နာမည်ကြီးဆယ်လီများ အများဆုံးလာစားလေ့ရှိကြသည်။

သီချင်းသံခပ်တိုးတိုးသာကြားရပြီး မည်သည့်ဆူပူသံမှမကြားရ။

ရိပေါ်က ဟိုကြည့်ဒီကြည့်ဖြင့် မျက်လုံးကစားနေလိုက်သည်။ သူ့အနေနဲ့ ဒီနေရာကို ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။ ရိပေါ်ရတဲ့မုန့်ဖိုးနဲ့ ဘယ်လ်ိုလုပ်ပြီး ဒီလိုနေရာမျိုးမှာ လျှာကို လာဇိမ်ခံနိုင်မည်လဲ။

မင်ဟောက်တို့ကတော့ ရိုးနေပြီဖြစ်၍ အထူးဆန်းဖြစ်မနေ။ ယန်မင်ယိက ရိပေါ်ဘာကြိုက်တတ်လဲမေးတော့ ဘာနေနေစားတတ်ပါတယ်ဟုသာဖြေလိုက်သည်။ ရိပေါ်လည်း ဘာမှာရမှန်းမသိတာကြောင့် ယန်မင်ယိကပဲ menu ကြည့်ပြီး မှာလိုက်၏။ စားစရာတွေစောင့်နေတုန်း ဘယ်နေရာရောက်ရောက် ဓာတ်ပုံရိုက်တတ်တဲ့ အကျင့်လေးကရှိနေတော့ ရိပေါ်က မင်ဟောက်ကို ဖုန်းပေးပြီး ဓာတ်ပုံရိုက်ခိုင်းတော့သည်။ ခဏနေ လ်ိုင်းပေါ်တင်ရမည်။

ရိပေါ်ပို့စ်ပေးနေသည်ကို ပြုံးပြုံးကြီး ကြည့်နေတဲ့ ယန်မင်ယိကြောင့် ရိပေါ်မှာ အနေရခက်သလိုဖြစ်လာပြီး ဓာတ်ပုံဆက်မရိုက်တော့ချေ။ ပုံမှန်ဆို ယန်မင်ယိရှေ့ ဘယ်လိုပဲဓာတ်ပုံရိုက်ရိုက် ကိစ္စမရှိပေမယ့် ခုက သူက ကိုယ့်ကို ကြိုက်နေသည်ဆိုတော့ အနည်းနဲ့အများတော့ ရှက်ကိုးရှက်ကန်းဖြစ်မိသည်။

အစားအသောက်တွေလာချတော့ ရိပေါ်လည်း အစားအသောက်ဘက်သာအာရုံစိုက်နေလ်ိုက်တော့၏။ ရိပေါ်အတွက် ယန်မင်ယိက ပုစွန်အခွံနွှာကာ ပန်းကန်ထဲလာထည့်ပေးလေသည်။ မင်ဟောက်က ရိပေါ်ရဲ့ ခြေထောက်ကို သူ့ခြေထောက်နဲ့လာတို့သည်။ ပြီးတော့ မျက်ခုံးတစ်ဖက်ပင့်ပြ၏။

ရိပေါ်မှာလည်း ရှက်ရှက်ဖြင့်သာ။

" ဟို ယန်ကောဘာသာစားပါ ကျွန်တော်က ကိုယ့်ဘာသာနွှာစားလို့ရပါတယ် "

Pink MemoriesWhere stories live. Discover now