Ep - 12

2.1K 273 78
                                    

(Unicode)

ရှောင်းကျန့်နဲ့ ယန်မင်ယိက အထက်တန်းပထမနှစ်ကတည်းက စခင်တဲ့ သူငယ်ချင်းကောင်းများဖြစ်ကြသည်။

အတန်းထဲတွင်လည်း ထိပ်ဆုံးနေရာက်ို ရှေ့ဆင့်နောက်ဆင့် အလှည့်ကျယူနေကြသော စာတော်သည့်ကျောင်းသားများဖြစ်ကြသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်လည်းသိပ်မကွာကြလေရာ မေဂျာတစ်ခုတည်းကိုပဲ   အတူတူယူခဲ့ကြလေသည်။

ကျောင်းမှာလည်း နှစ်ယောက်က တစ်ယောက်တစ်မျိုးစီဖြင့်နာမည်ကြီး၏။

ပထမနှစ်ထိ သူတ်ို့နှစ်ယောက်ရဲ့ ခင်မင်မှုက အတော်လေးကောင်းမွန်ခဲ့သော်လည်း The Whole King ရွေးချယ်ရာမှစပြီး သူတို့ဆက်ဆဲရေးစတင်ကျဲပါးလာသည်။

အားကစားမှာလည်းသူမသာကိုယ်မသာ ၊ အသိုင်းအဝိုင်းချင်းလည်းသူမသာက်ိုယ်မသာ ၊ ရုပ်ရည်လည်းတစ်ယောက်တစ်မျ်ိုးစီချောကြ၏။

ကျောင်းမှာ အချောဆုံး King ရွေးရာ ရှောင်းကျန့်က ယန်မင်ယိထက် မဲနည်းနည်းပိုသာပြီး The Whole King ဖြစ်သွားတော့သည်။ ယန်မင်ယိမှာ The Whole Prince အနေနဲ့သာကျေနပ်လိုက်ရသည်။

အတူတူကြိုးစားနေကြရင်းမှ မသိမသာပြိုင်ဆိုင်မှု ပြင်းထန်လာရာကနေ အရင်းနှီးဆုံးသူငယ်ချင်းကောင်းဘဝကနေ ပြိုင်ဘက်ဘဝသို့ လုံးလုံးလျားလျားရောက်ရှိသွားကြ၏။

သူတို့နှစ်ယောက်ရဲ့ပြိုင်ဆ်ိုင်မှုမှာ ကျောင်းပြီးလို့ စီးပွားရေးလောကထဲဝင်တဲ့အထိပါ အဆုံး မသတ်နိုင်သေး။

ရှောင်းကျန့်လိုချင်တဲ့ လုပ်ကွက် (ရတနာတူးဖော်ရန်မြေကွက် ) တစ်ခုကို ယန်မင်ယိက ဖြတ်ခုတ်သွားသည်မှစ၍ နှစ်ယောက်သားကြား အစိုင်အခဲများ ပိုပြီးကြီးထွားလာသည်။

လုပ်ကွက်လုပ်ပိုင်ခွင့် လျှောက်ထားဆဲမှာပဲ ယန်မင်ယိက  အာဏာပိုင်တစ်ချို့နဲ့ အပီပေါင်းပြီး ထ်ိုလုပ်ကွက်ကို အရယူသွားခဲ့သည်။

ထိုအချိန်မှစပြီး ယန်မင်ယိနဲ့စီးပွားပြိုင်ဘက်တွေထပ်ဖြစ်လာပြန်သည်။ အခုတော့ ယန်မင်ယိနဲ့ နိုင်ကွက်ကို ရှောင်းကျန့်ကတွေ့သွားပြီဖြစ်သည်။

Pink MemoriesWhere stories live. Discover now