Episode (1)(Unicode)

7K 502 114
                                    

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋အပိုင်း✨🍁(၁)

အမှောင်ထဲတွင် စူးရှနေသော အစိမ်းရောင်မျက်ဝန်းတစ်စုံသည် ခြံတံခါးကိုအသာဖွင့်၍ သေချာပိတ်လိုက်ပြီး မီးများထိန်လင်းနေသော အိမ်မကြီးဆီဦးတည်လိုက်သည်။ထို့နောက် တိတ်တိတ်ဆိတ်ဆိတ်ပဲ အိမ်ထဲဝင်လာလိုက်သည်။

“ဘယ်ချိန်ရှိပြီလဲ လေးညှို့စိမ်း!!”

ထိုအချိန်ဧည့်ခန်းထဲမှဟိန်းခနဲထွက်လာသောအသံကြောင့် အပေါ်ထပ်ကိုတက်ဖို့ပြင်နေသည့် လေးညှို့၏ခြေလှမ်းများရပ်တန့်သွားရသည်။နာရီကိုတစ်ချက်လှမ်းကြည့်မိတော့ ည၉နာရီ။လေးညှို့သက်ပြင်းတစ်ချက်ကြိတ်ရှိုက်လိုက်ပြီး‌နောက် မျက်နှာအမူအရာတစ်ချက်ပြောင်းလဲသွားခြင်းမရှိဘဲ အသံထွက်ပေါ်ရာ ဧည့်ခန်းဆီသို့ဦးတည်လိုက်သည်။

မှိုင်းညှို့ရိပ်ထင် မျက်စိရှေ့သို့မျက်လွှာချလျှက် ဘာစကားတစ်ခွန်းမှမပြောဘဲ လာရပ်ပါသော တူဖြစ်သူကိုကြည့်လိုက်ပြီး မျက်ခုံးတွေကိုတွန့်ချိုးလိုက်သည်။

“မင်းကိုဘာမှာထားလဲ..”

“၇နာရီထိုးတာနဲ့အိမ်ကိုပြန်ရောက်နေရပါမယ်..”

“အေး ငါ့အိမ်မှာနေရင် ငါ့စည်းကမ်းကိုလိုက်နာရမယ်..ငါ့အိမ်‌နေပြီး ငါ့စည်းကမ်းကိုမလိုက်နာနိုင်ရင် ငါ့အိမ်မှာနေဖို့မစဉ်းစားနဲ့...”

“နောက်တစ်ခါမဖြစ်စေရပါဘူး..”

“မင်းပြောလိုက်တိုင်း နောက်တစ်ခါမဖြစ်စေရပါဘူး.. ပြီးရင် မင်း လိုက်နာလား ဟမ်! လိုက်နာလား !!မင်းကို ငါ့ညီမမျက်နှာကြောင့် အခုရွယ်ထိစောင့်ရှောက်ပေးပြီး ဘွဲ့ရပညာတတ်တဲ့အထိထားပေးတာ ခုလို ‌အလေလိုက် လေလွင့်နေဖို့မဟုတ်ဘူးကွ!! နားလည်လား!!အလုပ်အကိုင်မယ်မယ်ရရလုပ်မယ်မရှိ ဟိုလိုလိုဒီလိုလို လမ်းများနေတဲ့မင်းကိုယ်မင်းရှက်တတ်ရင် လဲသေလို့ရနေပြီ..မင်းအရွယ်လူငယ်တွေ အလုပ်နဲ့အကိုင်နဲ့ သူတို့တက်လမ်းသူတို့ဦးဆောင်နေကြတာ ဘယ်သူမှမင်းလို အရေးမပါတဲ့အလုပ်တွေလုပ်ပြီး အချိန်ကုန်ခံမနေဘူး...”

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Ongoing)Where stories live. Discover now