Episode (4)(uni/Zaw)

3.1K 360 185
                                    

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၄)

11:00PM,

မျက်ဝန်းညိုလေးများက Laptop screenမှ အချက်အလက်များကို စိတ်ဝင်တစား မျက်တောင်မခတ်တန်းကြည့်နေမိသည်က အချိန်တွေကုန်မှန်းမသိအောင်ထိပင်ဖြစ်သည်။သက္ကရာဇ် ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်လေး၏ လေးထောင့်ကွက်သေးသေးလေးထဲမှ ခပ်တည်တည်ဂျစ်ကန်ကန် မျက်နှာပေးလေးအားကြည့်ရင်း ပြုံးယောင်သမ်းနေသော မျက်ဝန်းညိုလေးများက လခြမ်းလေးများသဖွယ်‌ပင်။

သူ့အတွက် ထိုမျက်ဝန်းစိမ်းလေးများက အတူတူတစ်ယောက်ထဲဆိုတာ ဘယ်လိုအကြောင်းမျိုးကြောင့် သေချာနေလဲမသိပေမယ့် ထိုအိန္ဒိယဝတ်စုံလေးနဲ့မျက်ဝန်းစိမ်းလေးရယ် ယနေ့တွေ့ခဲ့ရတဲ့ အင်တာဗျူးခန်းထဲက မျက်ဝန်း‌စိမ်းလေးရယ်ကသေချာပေါက် တစ်ယောက်ထဲဟုယုံကြည်နေသည်။ကွာခြားချက်က ပထမတစ်ခါတွေ့ခဲ့တုန်းက မိန်းကလေးပုံစံနှင့်ဖြစ်သောကြောင့် သေချာစဉ်းစားနေမိသည်။အဲ့ဒီအချိန်တုန်းက သူ့ကိုပြောလိုက်သည့်စကားအရ မျက်ဝန်းအစိမ်းလေးနှင့် မိန်းကလေးတော့မရှိပေမယ့် ကောင်လေးတစ်ယောက်တော့ရှိသည်ဟုပြောလိုက်ကြသည်။ထိုကောင်လေးနှင့်ပတ်သက်တာမေးကြည့်ပြန်တော့ သူတို့လည်းသေချာမသိ၊ တစ်ခါတစ်လေမှပါလာတတ်သည်ဟုပြောသောကြောင့် နာမည်လေးတောင်မသိခဲ့ရဘဲ လက်လျှော့ခဲ့ရသည်။

ထို့ကြောင့် 3နှစ်ကျော်ကြာပြီးတဲ့နောက်မှ အမှတ်မထင်ပြန်ဆုံခဲ့ရသော မျက်ဝန်းစိမ်းလေးကို ဒီတစ်ခါတော့ မလွဲချော်ရအောင် လူမမှားရအောင် သူ့မှာ အစ်မတို့ သွေးသားရင်းတို့ရှိနေသလားဆိုတာ သေချာအောင် ကိုယ်ရေးရာဇဝင်အကျဉ်းကို စစ်ဆေးကြည့်ခဲ့သည်။ တစ်ဦးတည်းသော မိဘနေရာတွင် ရှိနေသော နာမည်ကြောင့် အနည်းငယ်ထူးဆန်းသွားပြီး စိတ်ထဲတစ်မျိုးလေးဖြစ်သွားရသည်။
*သူ့မှာ မိဘတွေမရှိတော့တာလား...*
သို့သော် ထိုကဲ့သို့‌ တွေးမိသည့်ခံစားချက်များအားလုံးက မျက်နှာပေါ်တစ်ချက်မပေါ်ဘဲ ပကတိစင်ကြယ်နေသော မျက်ဝန်းညိုလေးများက ထိုင်နေရာမှထလိုက်သည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Ongoing)Where stories live. Discover now