Episode (11)(uni/zaw)

5.9K 423 120
                                    

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၁၁)

*Mission Complete*

ဧကလေး ပန်းချီဆွဲနေခိုက် ဖုန်းထဲသို့ဝင်လာသောmessageကြောင့် ကြည့်လိုက်ရာ မြင်လိုက်ရသော စာကြောင့် မျက်ဝန်းပြာလေးများက ကျေနပ်အားရစွာပြုံးလိုက်သည်။

“ကိုကိုကတော့ ရေမီးအစုံနဲ့အရောက်ပို့ပေးခဲ့ပြီမို့ မြေကြီးတုန်ဖို့ကတော့ မင်းပဲဆက်ကြိုးစားရမှာ ငါ့ညီရေ..ဟင်းဟင်း...”

ဧကလေး ကိုယ့်အကြံကိုယ် အကျေနပ်ကြီးကျေနပ်ရင်း ရယ်လိုက်ကာ ညီဖြစ်သူထံလှမ်းပြီး လုပ်ဆောင်ရမည့်အချက်များကိုmessageပို့ လမ်းညွှန်ပေးလိုက်သည်။ဒီလောက်ထိ အရောက်ပို့ပေးထားတာတောင် ‌အူတိအူကြောင်လုပ်နေရင်တော့ နားရင်းသာပြေးအုပ်ပစ်လိုက်မည်ဟုတွေးထားလိုက်သည်။အကိုဖြစ်သူအားကြိုးမာန်တက်ဆွဲပေးထားသည့်အစီအစဉ်များ ပျက်စီးသွားပါက သင်္ကန်းတစ်စုံနှင့်အတူ စစ်ကိုင်းတောင်ကိုပို့ပစ်ဦးမည်ဟုလည်းတေးထားလိုက်သည်။ထို့နောက် ဆွဲလက်စ ပန်းချီကိုရပ်လိုက်၍ မောင့်ဆီသို့ဖုန်းဆက်ဖို့ပြင်လိုက်သည်။
မောင်နဲ့မတွေ့ရတာ 3နာရီကြီးတောင်ရှိနေပြီမဟုတ်လား။

🦋🦋🦋

လေးညှို့ ခပ်တည်တည်ဖြင့် Hotelထဲဝင်ခဲ့ပြီးမှ ကဒ်တွေကငစိုင်းအိတ်ထဲမှာကျန်ခဲ့မှန်းသတိရသွားသည်။ထ်ို့ကြောင့် ရောက်နေတဲ့ဟောခန်းကျယ်ထဲမှ နံရံပေါ်အသီးသီးချိတ်ဆွဲထားသည့် ပန်းချီကားများကိုကြည့်နေရာ မျက်စိထဲတိုးဝင်လာသည့် ပန်းချီကားတစ်ချပ်ကြောင့် ခြေထောက်များကအလိုလို ထိုနားသို့ရောက်သွားသည်။ သေသပ်လှပသော စုတ်ချက်များက အရာဝတ္တုရဲ့ပုံစံကိုပီပီပြင်ပြင်ပုံဖော်မထားဘဲ ကြိုက်သလို ပုံဖော်ယူလို့ရသည့်ပုံစံမျိုးကို ဆွဲထားသည်။ထိုအခိုးအငွေ့များကိုပုံဖော်ထားသော ပန်းချီကားကို တစ်ခါကြည့်တိုင်း ပုံသဏ္ဌာန်တစ်ခုရသည်။ကြည့်သူ၏ရှူ့ထောင့်နှင့်အတူ ပန်းချီကား၏ပုံစံကလည်းအမျိုးမျိုးပြောင်းလဲသွားသဖြင့် ထိုအငွေ့ပျံနေသော အရာဝတ္ထုက ဘာကိုရည်ရွယ်ချင်လည်းဆိုတာကိုတော့ ပန်းချီဆရာမှလွဲ၍သိနိုင်လိမ့်မည်မဟုတ်ကြောင်း လေးညှို့တွေးရင်း မျက်ဝန်းစိမ်းများက ပန်းချီကားကို စိတ်ဝင်တစားစိုက်ကြည့်နေမိသည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Ongoing)Where stories live. Discover now