Episode 14(uni/Zawgyi)

946 130 14
                                    

သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၁၄)

အဖွဲ့တွေအားလုံး targetကိုကျော်သွားသည့်အတွက် ပျော်ရွှင်နေကြသည်ကိုမြင်တော့ လေးညှို့ပြုံးမိသည်။ပထမဆုံးအလုပ်ရဲ့ ပထမဆုံးတာဝန်ကို အောင်မြင်ခဲ့သည်ဖြစ်၍ သိပ်မသိသာပါသော သူ၏ဂုဏ်ယူမှုလေးဆိုလည်းမမှားပေ။

သူတို့အနားယူသည့်ဟော်တယ်ကိုရောက်တော့ အကုန်လုံး စုဝေးလိုက်ကြပြီး
“ဒီနေ့ မကြယ်စင်တို့ရဲ့ ပထမဆုံး လက်တွေ့ကျကျmarketing ဆင်းတဲ့နေ့လေးမှာ Targetပြည့်မှီရုံသာမက ဟိုးဘက်ထိကျော်သွားတာဖြစ်တာမို့ Bossက ဒီနေ့ည အားလုံးအတွက် ညစာစားပွဲလေးစီစဉ်ပေးထားပါတယ်ရှင့်...“

“Wowww.....စားရတော့မှာဟေး....“

“ညစာစားပွဲအပြင် မောင်လေး၊ညီမလေးတို့သီဆိုဖျော်ဖြေလက်စွမ်းပြဖို့ရာအတွက်လည်းBossက စီစဉ်ပေးထားပါတယ်...“

“Wowww....မိုက်ပြီဟေး.....“

“ဟိုလေ မကြယ်စင် ညီမတစ်ခုလောက်မေးချင်လို့...“

“မေးလေညီမလေး...“

“၅ရက်လုံးညီမတို့က အရောင်းဆင်းရမှာဆိုတော့လေ ညတိုင်းပွဲစီစဉ်ပေးမှာလားလို့ ဟီးဟီး...“

“အဟင်း...မေးခွန်းကောင်းပါပဲရှင် ..သေချာပေါက်၅ရက်လုံး သတ်မှတ်ထားတဲ့ Targetပြည့်မှီတာနဲ့ Bossက ပွဲလုပ်ပေးမှာလို့ မကြယ်စင်ကို မှာထားပါတယ်ရှင်...“

“တကယ်...အားးးး....ပျော်စရာကြီး....“

အကုန်လုံး ဝမ်းသာအားရဖြစ်နေတာကိုကြည့်ပြီး ကြယ်စင်စိတ်ထဲမှာတော့ နောက်လာမယ့်targetတွေကပိုခက်ကြောင်း မပြောပြဖြစ်လိုက်ပေ။လက်တွေ့ကြုံမှသင်ယူကြပါလေ။

“လေးညှို့...AKA ကုမ္ပဏီရဲ့Bossကတော်တော်သဘောကောင်းတာပဲကွ...ပွဲလုပ်ပေးမယ်ဆိုရင် ဒီလူအုပ်နဲ့ တစ်ညကိုတော်တော်လေးကုန်လောက်တယ်...၅ညဆိုရင် ပြောမနေနဲ့တော့...တစ်နေ့လုံးရောင်းရ ချရ ပင်ပန်းတယ်ဆိုပေမယ့် ဒီလိုကျ အားနာစရာကြီးနော်....ဟုတ်တယ်မလား....“

ငစိုင်း လေးညှို့အနားကပ်ပြီး ခပ်တိုးတိုးပြောလိုက်ရာ တစ်လောကလုံးမှာ မင်းအဒူဆုံးဆိုသည့်အကြည့်နှင့် ကြည့်လာသော လေးညှို့ကြောင့် ပါးစပ်ပိတ်သွားရသည်။

You've reached the end of published parts.

⏰ Last updated: Apr 29 ⏰

Add this story to your Library to get notified about new parts!

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Ongoing)Where stories live. Discover now