Episode (5)(Uni/Zaw)

3K 342 188
                                    

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၅)

“သက်စုရေ ဒီနေ့ အင်တာဗျူးအောင်ထားတဲ့အလုပ်သင်လေးတွေစဆင်းမှာနော် ...နေရာ ဘာညာစီစဉ်ပြီးပြီလား..”

“ဟုတ် မမကြယ်...ဘေးက အခန်းလွတ်ထဲမှာစားပွဲတွေထပ်ထည့်ပေးထားတယ်..သက်စုတို့တစ်ယောက်ကို လူ၅ယောက်တာဝန်ယူပြီး အခုအသစ်တိုးချဲ့တဲ့ဟာနဲ့ပတ်သက်ပြီး ရှင်းပြပေးရမှာမလား...”

“အွန်း ဟုတ်တယ် ...Bossကတော့ အဲ့ဒီလိုလုပ်ဖို့ညွှန်ကြားပေးထားတယ်...”

“ဟုတ်..ဟို ဒါနဲ့လေ မမကြယ်...”
သက်စု လူတွေကိုဘယ်လိုခွဲမှာလဲဆိုတာ မေးဖို့ပြင်လိုက်သည်။မျက်ဝန်းစိမ်းလေးနှင့်ကိုကိုက ဘယ်အဖွဲ့ထဲပါရမလဲဆိုတာ သူအရမ်းစိတ်ဝင်စားနေပြီဖြစ်သည်။ပြီးလျှင် မိချိုမကိုပြန်ပြီး သတင်းပို့ရ‌ဦးမည်ဖြစ်သည်။

လူကိုခေါ်ပြီး စကားဆက်မပြောတော့ဘဲ တစ်ယောက်ထဲ ခေါင်းညိတ်ခေါင်းခါလုပ်နေသော သက်စုနှင်းကိုကြည့်ပြီး..
“ဟဲ့ ပြောလေ...ခဏနေရင် အလုပ်သင်လေးတွေလာတော့မှာ အဲ့ကျရင် ကျွန်မမအားဘူးနော် မေးစရာရှိရင် ခုထဲကမေးထား...”

“ဟုတ် အဟီး ကိုကိုလေးညှို့စိမ်းကိုလေ ဘယ်အဖွဲ့ထဲထားမှာလဲဟင်...”

မနေ့တစ်နေ့ကမှအင်တာဗျူးဖြေရင်းတွေ့ခဲ့တဲ့သူကို ချက်ချင်းကိုကိုလေးညှို့စိမ်းဖြစ်သွားပြီး မဖြေမချင်း‌မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာကြည့်နေသော သက်စုနှင်းကိုကြည့်ပြီး ကြယ်ကြယ်တစ်ယောက် တရားတောင်ပေါက်ချင်သွားသည်။
*အရင်ကတော့ BossမှBossရေတောင်မရောဘူးဆိုတဲ့သူတွေက အခုတော့‌ကိုကိုလေးညှို့စိမ်းဖြစ်ကုန်ကြပြီ..ကိုကိုလေးညှို့စိမ်းကကြောက်ဖို့ကောင်းလိုက်တာBossရယ်...*

“ကျွန်မလည်းမသိဘူးရှင့်...Bossက သူလာမှ လူခွဲမယ်လို့ပြောသွားပါတယ်ရှင့်...ကျွန်မတာဝန်က အလုပ်သင်လေးတွေကိုနေရာပေးပြီး လိုအပ်တာလေးတွေကိုအရင်ရှင်းပြထားရုံပါရှင့်...”

“အာ ဟီး ဟုတ် မမကြယ်...”

“ဟုတ်ကဲ့ရှင့် ဘာသိချင်သေးလဲရှင့်...”

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Ongoing)Where stories live. Discover now