Episode (10)(Uni/Zaw)

4.3K 392 217
                                    

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၁၀)

အဆင်တွေအားလုံးက ကျွန်မလင်ပါ ဒါမဲ့ လင်ပေးစားချင်တယ်; Sorry Sorry Sorry...အမှန်တရားကိုအားလုံးလက်ခံသင့်ပါပြီ ...ကဲ နောက်ကလိုက်ဆိုကြပါ ..ရာဇ်စိမ်းရှစ်ပါများဟာ realပါ ..ဘာတဲ့လဲ....

ရာဇ်စိမ်းရှစ်ပါလေးအရွှန်း; ရာဇ်စိမ်းရှစ်ပါများဟာ realပါ....ကဲ ကျွန်မပြောပါတယ် ရာဇ်စိမ်းကပဲrealပါ‌လို့ ရှင်တို့ကဖင်ပိတ်ငြင်းကြတာလေ.. ဟက် နဂါးပါလို့ပြောနေတာကို တီကောင်ပဲလုပ်နေကြတာ အခုတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြခံလိုက်ရပြီမလား..လေးစိုင်းရှစ်ပါလေးတို့ ဘယ်ရောက်သွားလဲရှင်.. အဟင်းဟင်း ...ကိုယ့်စကားကိုယ်တာဝန်ယူရမှာပေါ့လို့...

အကုန်လုံးမှာ လက်ရှိအခြေအနေကို ဘယ်လိုတုံ့ပြန်ရမလဲမသိ၍ ငြိမ်နေကြသည်။

သက်စုနှင်းလေးဗိုက်မဝသေးပါ;ညီမလေးလည်း ထောက်ခံတယ်...Bossကလေ တကယ်ကို Bossက အဟိအဟိ...အဲ့နေ့ကလေ အမလေး ပြောချင်လိုက်တာ ပါးစပ်ကိုယားနေတာပဲ ဒါပေမဲ့ မပြောသေးဘူး အခြေအနေကိုစောင့်ကြည့်ဦးမယ်...အဟိဟိ...

သက်စု အလုပ်သင်ခန်းတုန်းက အဖြစ်အပျက်များကိုပြန်မြင်ယောင်ရင်း တဟိဟိရယ်ပြီး စာရိုက်လိုက်သည်။

လေးညှို့စိမ်းတစ်ပွဲBossမထည့်နဲ့; ဟယ် ဘာလဲဟယ် မပြောချင်ရင် အစကတည်းက‌မပြောနဲ့လေ အခုတော့ ငါတို့က တစ်လစ်ကြီးဖြစ်နေပြီ...

လေးစိုင်းရှစ်ပါလေးအိမ့်အိမ့်;ဟုတ်ပါ့ဟယ် ..ပြီးတော့ ရှင်တို့တွေ အထင်နဲ့အမြင်ကိုစွတ်မပြောကြပါနဲ့...သေချာစဉ်းစားကြည့်ရင် ရှင်တို့Bossကမှ အခု Third wheelဖြစ်နေတာမဟုတ်ဘူးလား...သူများအတွဲရဲ့ခရီးစဉ်မှာ သူက ကန့်လန့်လိုက်မှာလေ...မဟုတ်ဘူးလား...

ရာဇ်စိမ်းရှစ်ပါလေးအရွှန်း; ဟယ် ပြောရဲဆိုရဲ ညောင်ရွှေသူပါလား...အမြင်လေးဘာလေးကျယ်အောင် ဗဟုသုတရှိတာလေးတွေလည်းဖတ်ဦး..အချိန်ပြည့် Gay Pornထဲ ခေါင်းစိုက်မနေနဲ့ဦး အမြင်တွေတောင်လွဲမှားနေပြီ...ဦးနှောက်ပါရင် သေချာစဉ်းစား‌ကြည့် ဒီလောက် ကိုယ်ပိုင်ကားတွေထည်လဲ လဲစီးနိုင်တဲ့သူက ဘာလို့ လူလေးယောက် ကျပ်နေအောင်ခေါင်းခန်းထဲမှာစီးရတဲ့ ကုန်ကားနဲ့လိုက်မှာလဲ....နှစ်တိုင်း ဦးကုဋေလက်ထက်ထဲက နှစ်ပတ်လည်ဖိတ်စာကို ငါတို့လိုကျွမ်းကျင်ဝန်ထမ်းတွေနဲ့ပဲ ဖိတ်တဲ့သူက အခုလိုလိုက်ဖိတ်လာတာဖြစ်မလဲ...လိုက်လာတာတောင် လေးညှို့စိမ်းတို့လိုင်းဘက်တင်နော် ငါတို့လိုင်းတွေမှာ ငါတို့ဘာသာ ဖိတ်ရမှာပဲမဟုတ်ဘူးလား...ဟမ်း နည်းနည်းပါးပါး ခေါင်းသုံးကြပါဦး....မောတယ် တကယ်ပဲ....ခေါင်းသုံးဆိုတိုင်း ဂျွမ်းထိုးမနေကြနဲ့...

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Ongoing)Hikayelerin yaşadığı yer. Şimdi keşfedin