EP26(U&Z)

2.6K 270 1
                                    

.Uni
EP26မင်းကို ကြိုက်တယ်

အချိန်အတော်လေးကြာလာတဲ့အခါ,
ယန်ရုန် တစ်ယောက် အနည်းငယ်မူးဝေလာပြီး လည်ချောင်းတွေနာလာရင်းငိုရတာလည်းအတော်လေး ပင်ပန်းနေပြီဖြစ်တယ်။
သူ အရမ်းတွေငိုခဲ့တာမို့ ခြေကုန်လက်ပန်း
ကျနေပြီ။

သူတို့နှစ်ယောက်ခွဲနေခဲ့ရတဲ့သီတင်း
ပတ်အတွင်းသူ့ရဲ့သည်းခံချုပ်တည်းနေရခြင်းတွေနဲ့ မကျေနပ်ချက်တွေအကုန်လုံးအတွက် သူ့စိတ်ကို လွှတ်လပ်ခွင့်ပေးလိုက်
တယ်။

ဝမ်ကျင့်ရဲ့ရှပ်အကျီကတော့ သူ့မျက်ရည်များကြောင့်စိုစွတ်နေပြီဖြစ်ပြီးထို နွေးထွေးတဲ့
ရှပ်အကျီပေါ်မှာဘဲသူ့မျက်နှာကို ဖိကပ်ထားမိတယ်၊ဒါက သိပ်တော့မဆင်မပြေပေမယ့်
သူ နေရာလည်း မရွေ့ချင်ဘူး။

သူ့ရဲ့ ယခင်အနေအထားအတိုင်း ဝမ်ကျင့်
အပေါ်မှာသာသူရှိနေလျက် သူ့မျက်နှာကို
ဝမ်ကျင့်ပခုံးပေါ်နှစ်မြုပ်ထားလိုက်ပြီး
လက်နှစ်ဖက်ဖြင့် ဝမ်ကျင့် လည်တိုင်အား
ဖက်ထားလိုက်မိတယ်။သူတို့နှစ်ယောက်ရဲ့
ခန္ဓာကိုယ်တွေက ဆက်ဆံနေရင်းဆက်နွယ်နေဆဲသာရှိနေတယ်။

သူခုလိုနေနေခြင်းကချစ်ခြင်းမှဖြစ်ပေါ်လာတဲ့ စိတ်နဲ့ အတူနေမိ ခြင်းသာဖြစ်ပြီးနေချင်စိတ်ရှိလို့တော့မဟုတ်ဘူး။ဝမ်ကျင့်ကို သူတွေ့နိုင်ဖို့ ဝမ်ကျင့်ကို ပွေ့ဖက်ပြီး ခုလို နေနိုင်ဖို့က
သူ့အတွက်တရားဝင်အကြောင်းပြချက်တစ်ခု
ကို သူအရမ်းလိုချင်နေမိတယ်။သူဝမ်ကျင့်ကို လွမ်းတယ် ,ထို့အတူ ဝမ်ကျင့်ရဲ့ လိင်ဆက်ဆံမှုမှရတဲ့ ခံစားချက်တွေကိုလည်း သူလွမ်းတယ်။သူဘယ်လောက်လွမ်းနေခဲ့တယ်ဆိုတာကိုလည်း သူ့ဘာသာဘဲ သိနေခဲ့တယ်။

ဝမ်ကျင့်ကလည်းသူ့ကို လွမ်းနေတယ်ဆိုတာကို သူခံစားမိတယ်,ဒါဆို ဝမ်ကျင့် သူ့ကို
တကယ်ကြီး ကြိုက်နေတာလား ?

လွန်ခဲ့တဲ့ တပတ်ကတော့ ဒီမေးခွန်း ရဲ့အဖြေက သူ့အတွက် အရမ်းအရေးကြီးတယ်လို့
သူထင်နေခဲ့တယ်၊ဒါပေမယ့် သူအခုတော့
အများကြီး ထပ်မတွေးတော့ဘူး။

ဝမ်ကျင့် သူ့ကို တကယ်ကြိုက်တယ်
မကြိုက်ဘူးဆိုတာကဘာများအရေးကြီးနေလို့လဲ ?သူဝမ်ကျင့်ကို ကြိုက်တယ်ဆိုရင်
မေးခွန်း အတွက်အဖြေကလုံလောက်နေပြီ။

မင်းကြိုက်တာအကုန်ကိုယ့်မှာရှိတယ်(ဘာသာပြန်)CompleteWhere stories live. Discover now